LG ရဲ့ Android Wear စမတ်နာရီသစ် အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာ

LG ဟာ သိပ်မကြာခင်မှာ Android Wear 2.0 နဲ့အတူ ဖြန့်ချိမယ့် Android Wear စမတ်နာရီ တစ်မျိုးကို ဖန်တီးနေပါတယ်။ အဲ့ဒီ စမတ်နာရီနှစ်ခုထဲက တစ်ခုဖြစ်တဲ့ LG Watch Style ဟာ Evan Blass ဆီကနေ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ဒီစမတ်နာရီသစ်ကို အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ LG က ဖန်တီးနေတဲ့ အရွယ်ကြီးမားတဲ့ဗားရှင်းဖြစ်တဲ့ LG Watch Sport ရဲ့ ဓာတ်ပုံကတော့ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

LG Watch Style ကို silver နဲ့ rose gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိမယ်လို့ Blass က ဖော်ပြခဲ့ပါတယ်။ ဒီစမတ်နာရီသစ်မှာ ၁.၂ လက်မ P-OLED display (360 x 360 pixel resoluion) နဲ့အတူ 4GB storage, 512MB RAM, IP 67 အဆင့်သတ်မှတ်ချက်နဲ့ 240mAh ဘက်ထရီတို့ ပါဝင်မယ်လို့ သိရပါတယ်။

LG Watch Sport မှာတော့ ၁.၃ လက်မ (480 x 480 resolution) နဲ့အတူ 736MB RAM, GPS, NFC, LTE, IP 68 အဆင့်သတ်မှတ်ချက်နဲ့ 430mAh ဘက်ထရီတို့ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

ဒီစမတ်နာရီသစ်နှစ်မျိုးကို ဖေဖော်ဝါရီ ၉ ရက်မှာ ပွဲထုတ်မိတ်ဆက်ဖွယ်ရှိပြီး တန်ဖိုးက LG Watch Style အတွက် ၂၄၉ ဒေါ်လာဖြစ်ပြီး LG Watch Sport အတွက် ၃၄၉ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။

Ref: AndroidAuthority