LG မှ Smart Inverter နည်းပညာအသုံးပြုထားသည့် ထုတ်ကုန်များကို မိတ်ဆက်

Smart Inverter နည်းပညာ အသုံးပြုထားသည့် ထုတ်ကုန်များကို LG မှ မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Smart Inverter အသုံးပြုထားတဲ့ ထုတ်ကုန်တွေကတော့ LG ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ လေအေးပေးစက်၊ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ဖုန်စုပ်စက်တို့ဖြစ်ပြီး မီးအားစားသက်သာစေမယ့် နည်းပညာကို ထည့်သွင်းအသုံးပြု ပေးထားခြင်းဖြစ်ပါတယ်။

“ဒီ Smart Inverter ကို အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုမယ်ဆိုရင် မီးအားစားတာ သက်သာစေတဲ့အတွက် ပိုက်ဆံအကုန်ကျ သက်သာစေပါတယ်။ စက်လည်ပတ်အား ကောင်းတဲ့အတွက် ပိုပြီးတော့လည်း ကြာကြာအသုံးပြုနိုင်ပါတယ်” ဟု LG Electronic မှ မန်းနေဂျင်ဒါရိုက်တာဖြစ်သူ Mr. Park ကပြောပါတယ်။

ထုတ်ကုန်တွေကို မော်ဒယ် အနိမ့်၊ အမြင့်၊အလယ်အလတ်၊ ခွဲခြားပေးထားပြီး စက်တိုင်းမှာ အဆိုပါနည်းပညာကို အသုံးပြုပေးထားခြင်း ဖြစ်ပါတယ်။ “ဒီနည်းပညာ အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို အခု ဈေးကွက်ထဲက LG နဲ့ သက်ဆိုင်တဲ့အရောင်းပြခန်းတွေမှာ ဝယ်လို့ရနေပါပြီ။ ဝန်ဆောင်မှု အပိုင်းအနေနဲ့ကတော့ ဒီနည်းပညာ အသုံးပြုထားတဲ့ ထုတ်ကုန်တွေ ဝယ်ယူသူတွေကို အာမခံ ၁၀ နှစ်သက်တမ်း ပေးထားပါတယ်။ ဒါက Inverter နည်းညာကိုဘဲ ပြောတာပါ။ ပစ္စည်းအတွက် ကတော့ အာမခံတစ်နှစ်ဘဲ ပေးထားပါတယ်။ ဒီဟာအသုံးပြုထားတဲ့ ထုတ်ကုန်အများစုက မော်ဒယ်လ် အမြင့်ပိုင်းတွေမှာဘဲ ပါဝင်တာပါ။ LG မှာကတော့ အမြင့်ပိုင်းကနေ အနိမ့်ပိုင်းအထိ ဒီနည်းပညာကို အသုံးပြု ပေးထားပါတယ်” ဟု TMW ၏ လက်ထောက် အရောင်းမန်နေဂျာဖြစ်သူ ဦးနေမင်းသူက ပြောပါတယ်။

-အောင်သက်ကို