LG ခေါက်စမတ်ဖုန်း အသစ်

LG ရဲ့စမ်းသပ်မှုဆိုင်ရာဌာနကတော့ Wing ဖုန်းကို မိတ်ဆက်အပြီးမှာ ခေါက်နိုင်တဲ့ OLED display ပါဝင်တဲ့ ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီဖုန်းကိုတော့ လာမယ့်နှစ်မှာ မိတ်ဆက်ပါမယ်။ LG ဟာ Wing ဖုန်းကို မိတ်ဆက်အပြီးမှာ ခေါက်စမတ်ဖုန်းကိုလည်း အမြည်းမိတ်ဆက်ခဲ့ပါတယ်။ ကောလာဟလတွေအရ အဲဒီဖုန်းဟာ မတ်လအတွင်း ထွက်လာနိုင်ပါတယ်။

အသစ်ထွက်မယ့် LG ခေါက်စမတ်ဖုန်း အမည်က LG Rollable ဖြစ်တယ်လို့ ဥရောပသမဂ္ဂဉာဏဆိုင်ရာ ပစ္စည်းရုံးဆီ တင်တဲ့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

မြူးနစ်က Mitscherlich က ကြားလူအဖြစ် စာရွက်စာတမ်းကို ဖြည့်သွင်းခဲ့ပါတယ်။ စာရွက်စာတမ်းအရ LG The Roll, LG Double Roll, LG Dual Roll, LG Bi-Roll နဲ့ LG Roll Canvas အစရှိတဲ့ နာမည်တွေကိုလည်း ဖြည့်သွင်းထားပါတယ်။

အမှတ်တံဆိပ်ဆိုင်ရာ မှတ်ပုံတင်တဲ့ စာရွက်စာတမ်းထဲမှာ အခုထုတ်ကုန်ကို စမတ်ဖုန်းလို့ ဖော်ပြထားပါတယ်။ အခုစမတ်ဖုန်းမှာ stylus လည်း ပါဝင်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««