LG က QNED တီဗီတွေ မိတ်ဆက်

LG ဟာ OLED တီဗီတွေနဲ့ ပတ်သက်ရင် လူသိများပါတယ်။ အခုအခါမှာ LG ဟာ TCL နဲ့ Samsung တို့လိုမျိုး Mini LED နည်းပညာ အခြေခံတဲ့ တန်ဖိုးကြီး LCDD 8K နဲ့ 4K တီဗီတွေကို ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ်လာပါတော့မယ်။

Mini LED ကတော့ LCD တီဗီအရည်အသွေးကို အလွန်ရှေ့ရောက်အောင် လုပ်ပေးနိုင်တယ်လို့ LG က ပြောခဲ့ပါတယ်။ အကောင်းဆုံး LCD တီဗီတွေဟာ အတွင်းဘက်ကနေ အရောင်အမျိုးမျိုး ထုတ်လွှတ်ပေးပြီး LED တွေကတော့ မျက်နှာနောက်ကွယ်က နောက်ခံမီးအဖြစ် အသုံးချပါတယ်။ နောက်ခံမီးတွေကို ဇုန်တွေအတွင်း ထိန်းချုပ်နိုင်ပြီး ဇုန်တစ်ခုစီက အနက်ရောင်နေရာအတွင်း သင့်တော်တဲ့ အလင်းထုတ်ပေးပါတယ်။ ဒါကြောင့် အနက်ရောင်အဆင့်နဲ့ contrast လည်း တိုးတက်လာပါတယ်။

Mini LED ကတော့ တီဗီထက် contrast ကောင်းဖို့ ပိုမိုသေးငယ်တဲ့ LED အသုံးပြုမှု နည်းပညာကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ LG ရဲ့ Mini LED နည်းပညာ တီဗီကတော့ နောက်ခံမီးမှာ LED မီးအသေးစား ၃၀,၀၀၀ ကျော် အလင်းအများဆုံး ထုတ်လွှတ်ပေးပြီး 1,000,000:1 အချိုးအစား contrast ပေါင်းစပ်ပါဝင်လာပါတယ်။ အဲဒီအရာတွေကို အလင်းဇုန် ၂,၅၀၀ အထိ တွဲဖက်ပေးလိုက်တဲ့ အခါ အဆင့်မြင့် အလင်းထုတ်လွှတ်ဇုန်တွေ ဖြစ်လာပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««