Lens အသစ်တစ်မျိုး ဖန်တီးနေတဲ့ Xiaomi

Xiaomi ဟာ ဘေကျင်းမှာ ပြုလုပ်ခဲ့တဲ့ Mi Developer ကွန်ဖရင့်မှာ အထုတ်၊ အသွင်း လုပ်နိုင်တဲ့ wide-aperture lens နည်းပညာ ပြသခဲ့ပါတယ်။ Xiaomi ဟာပွဲအတွင်း ကင်မရာ၊ display နဲ့ စမတ်ထုတ်ကုန်နည်းပညာတွေကို ပြသခဲ့ပါတယ်။

အခုနည်းပညာအသစ်က အထုတ်၊ အသွင်းလုပ်နိုင်တဲ့ optical ဖွဲ့စည်းမှုကို အခြေခံထားပါတယ်။ စမတ်ဖုန်းထဲက lens က အလိုရှိတဲ့အချိန်မှာ lens ထွက်လာအောင် ပြုလုပ်ထားပါတယ်။

Xiaomi ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ အဓိကအာရုံစိုက်မှု ရုပ်ပုံအရည်အသွေး ဖြစ်တယ်လို့ ပြောထားပါတယ်။

စိုးထက်
Ref: FirstPost

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««