Lenovo Yoga C740

ဈေးနှုန်း ကန်ဒေါ်လာ ၈၉၉

အားသာချက်

ပါးလွှာပြီး 2-in-1 စတိုင်အသုံးပြုနိုင်တဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ ဘက်ထရီကြာချိန်၊ ပြည့်ဝတဲ့စွမ်းဆောင်ရည်နဲ့ လုံခြုံရေးစနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

ဈေးနှုန်းသိပ်မကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင်တော့ Display ရဲ့တောက်ပမှုပိုင်းက အနည်းငယ် အားနည်းတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ကိုယ်ထည်က ကိုင်ရတာ လေးတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Lenovo Yoga C740 က ပရီမီယံ လုပ်ဆောင်ချက်တွေများစွာပါဝင်တဲ့ အလယ်အလတ်အမျိုးအစား 2-in-1 သုံးနိုင်တဲ့ လုပ်ငန်းသုံး Laptop ဖြစ်ပါတယ်။ လုံခြုံရေးစနစ်၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေက ပေးရတဲ့ ဈေးနဲ့ ဆိုရင် စိတ်ကျေနပ်စရာပါ။ ကိုယ်ထည်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် အနည်းငယ်လေးတာနဲ့ Screen ပိုင်း တောက်ပမှု အနည်းငယ် အားနည်းတာကလွဲရင် မိမိအနေနဲ့ ဒီဇိုင်းလှပြီး ဆွဲဆောင်မှုအပြည့်ရှိသလို စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ ဒေါ်လာတစ်ထောင်အောက် 2-in-1 Laptop တစ်လုံးကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ ဒီ Laptop က ရွေးချယ်စရာတစ်ခုလို့လည်း ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display ရုပ်ထွက်အရည်အသွေး 1920×1080 ထိထောက်ပံ့ပေးနိုင်တဲ့ Touchscreen အမျိုးစားဖြစ်ပါတယ်။ ဒီ laptop မှာ Intel Core i5-10210U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphic ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ အသံထွက်ပိုင်းက ထူးခြားကောင်းမွန်ပြီး ကြည်လင်မှုလည်းရှိတာ‌ ကျေနပ်စရာပါ။ 720p အမျိုးအစား webcam ကလည်း ကောင်းမွန်မှုရှိပါတယ်။ ၄.၂x၂.၈ အရွယ်အစား Touchpad ရဲ့ sensitivity က လည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ ညာဘက်ဘောင်ထဲမှာ USB 3.1 ပေါက်နဲ့ ဘယ်ဘက်ဘောင်ထဲမှာ USB Type-C ပေါက် နှစ်ခုနဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၀ နာရီ ၁၈ မိနစ်ခန့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com