Lenovo Yoga 7i

တန်ဖိုး – ကန်ဒေါ်လာ ၆၄၉

အားသာချက်

ပရီမီယံဆန်တဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်း၊ ပြည့်ဝကောင်းမွန်တဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာပိုင်းစိုပြည်တဲ့ display နဲ့ ကောင်းမွန်တဲ့စပီကာစနစ်၊ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Display က အနည်းငယ်မှိန်တယ်လို့ ခံစားရတာ၊ ချိတ်ဆက်အသုံးပြုနိုင်တဲ့ port တွေ သိပ်မပါဝင်တာနဲ့ touchpad ရဲ့ တုံ့ပြန်မှုက အနည်းငယ် နှေးတယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

သင်က ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Touchscreen display နဲ့ Laptop ကို သုံးချင်ရင်တော့ စပီကာပိုင်း၊ ဘက်ထရီနဲ့သုံးနိုင်မှုပိုင်း အပြင် display ကာလာပိုင်းကောင်းမွန်သလို ပရီမီယံဒီဇိုင်းနဲ့ ထုတ်ထားတဲ့ Lenovo Yoga 7i က ထိပ်တန်းရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ သင်က port တွေနဲ့ အခြားလုပ်ဆောင်ချက်တွေ စုံလင်တာမျိုး သုံးချင်ရင်တော့ သူလိုပဲ စွမ်းဆောင်ရည်ကောင်းပြီး ဈေးနှုန်းအားဖြင့်လည်း သိပ်မကွာတဲ့ Acer Swift 3 (2020) ကို ရွေးချယ်နိုင်ပါတယ်။ ခြုံပြီးသုံးသပ်ရမယ် ဆိုရင်တော့ Lenovo Yoga 7i က စွမ်းဆောင်ရည် မြင့်မားကောင်းမွန်ပြီး ဈေးသက်သာတဲ့ 2-in-1 အမျိုးအစား Laptop သုံးချင်သူတွေအတွက် နှစ်ခါ မစဉ်းစားဘဲ ဝယ်ယူသင့်တဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Lenovo Yoga 7i ရဲ့ ၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်တဲ့ Touchscreen display ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားမှု ရှိသလို ကာလာပိုင်းလည်း စိုပြည်တောက်ပမှုရှိပါတယ်။ ဒီ Laptop မှာ Intel Core i5-1135G7 Processor ၊RAM 12GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel Iris Xe GPU ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop က Geekbench 5.0 ရဲ့ overall စွမ်းဆောင်ရည်ရမှတ် အနေနဲ့ ၄၃၆၄ ရှိပြီး ဒီရမှတ်က ပျှမ်းမျှရှိသင့်တဲ့ ပရီမီယံ Laptop တစ်လုံးရမှတ် ၄၁၆၂ ထက် ပိုတဲ့ရမှတ်လို့ ဆိုရမှာပါ။ စပီကာတွေရဲ့ အသံထွက်ပိုင်းက ကျယ်လောင်ကောင်းမွန်မှုရှိပြီး 720p webcam ကတော့ တခြား Laptop တွေလိုပဲ အရည်အသွေးပိုင်းက ပုံမှန် အွန်လိုင်းဗီဒီယိုဖုန်းခေါ်ဆိုမှု အတွက် အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ကီးဘုတ်ရဲ့ခလုတ်တွေကလည်း အသုံးပြုရတာကောင်းမွန်မှုရှိပါတယ်။ ၄.၁x၂.၇ လက်မအရွယ်အစား touchpad က ချော့မွေ့မှုရှိပေမယ့် တုံ့ပြန်မှုပိုင်း အနည်းငယ်နှေးတယ်လို့ ခံစားရပါတယ်။ Lenovo Yoga 7i မှာ ကိုယ်ထည်ရဲ့ ဘယ်ဘက် Thunderbolt 3 ပေါက် နှစ်ပေါက်နဲ့ ညာဘက်မှာ USB Type-A ပေါက်နဲ့ နားကြပ်ပေါက်တွေသာ ပါဝင်ပြီး အခြားအသုံးဝင်မယ့် port တွေတော့ မပါဝင်ပါဘူး။

Lenovo Yoga 7i ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၂ နာရီနဲ့ ၃၆ မိနစ်ခန့် အသုံးပြုနိုင်တာက ပရီမီယံ Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကြာချိန် ၁၀ နာရီထက် ပိုကြာကြာသုံးနိုင်တာ ကျေနပ်စရာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၃.၁ ပေါင်) ရှိတာက ၁၄ လက်မ laptop တစ်လုံးအတွက် ပေါ့ပါးမှုရှိတယ်လို့ ဆိုရမှာပါ။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««