Lenovo Watch 9 နဲ့ယှဉ်ပြိုင်မယ့် Mijia Quartz Watch နာရီသစ်ကို Xiaomi မိတ်ဆက်

[Zawgyi]






Ref: GizmoChina

-နောင်နောင်

[Unicode]

Xiaomi ဟာ classic ဒီဇိုင်းနဲ့ စမတ်လုပ်ဆောင်ချက်အချို့ပါဝင်တဲ့ hybrid နာရီသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

Mijia Quartz Watch ဟာ analog နာရီတစ်လုံးနဲ့ ဆင်တူပေမယ့် ဖုန်းနဲ့ ချိတ်ဆက်လိုက်တဲ့အခါ စမတ် feature တွေကို unlock လုပ်ပေးမှာ ဖြစ်ပါတယ်။

Mijia Quartz Watch မှာ စတီးလ်ကိုယ်ထည်ပါဝင်ပြီး ဒိုင်ခွက်ကိုတော့ mineral glass နဲ့ ဖုံးအုပ်ထားပါတယ်။ လဲလှယ်တပ်ဆင်နိုင်တဲ့ကြိုးပါဝင်ပြီး အနက်၊ အပြာ၊ မီးခိုး အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။

နာရီမှာ ကယ်လိုရီနဲ့ ခြေလှမ်းရေတွက်စနစ် ပါဝင်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာ နာရီက ကယ်လိုရီ၊ ခြေလှမ်းနဲ့ ခရီးအကွာအဝေးတို့ကို စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် alarm နဲ့ reminder တွေကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

Mijia Quartz Watch ရဲ့တန်ဖိုးက ၅၂ ဒေါ်လာဖြစ်ပြီး ဇူလိုင် ၁၇ ရက်မှာ Tmall, Mi Home app နဲ့ Mi အွန်လိုင်းစတိုးတို့ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GizmoChina

-နောင်နောင်