Lenovo V530 AIO All in one PC

အကြမ်းခံ အသုံးခံတဲ့ Lenovo V530 AIO All in one PC ဖြစ်ပါတယ်။ ကော်ဖီဆိုင် ၊ Store ဆိုင် ၊ Reception လိုနေရာတွေအပြင် ရုံးတွေရော အိမ်တွေမှာပါ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Intel Processor i3 9100T ကိုထည့်သွင်းအသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် AMD Graphic Card ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 4GB/ 8GB တပ်ဆင်ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းတဲ့အခါ စိတ်ချရဖို့အတွက် Security Features တွေပါဝင်ပြီး 1TB သိမ်းဆည်းနိုင်မယ့် Hard Disk ထည့်ပေးထားပါတယ်။ စကရင်အရွယ်အစား ၂၁.၅ လက်မအရွယ်အစားရှိပြီး FHD အမျိုးအစားဖြစ်ပါတယ်။ အွန်လိုင်းအစည်းအဝေးတွေလုပ်ဖို့ Webcam ကိုလည်းထောက်ပံ့ပေးထားပါတယ်။ DVD Drive , 3.5mm Jack , USB 3.1 ports များ ၊ HDMi in & Out ၊ LAN port စတာတွေလည် းထောက်ပံ့ပါဝင်ပါတယ်။ ကန်ဒေါ်လာ ၅၆၉ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ် ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဝယ်ယူတဲ့အခါမှာ Mouse နဲ့ Keyboard ပါဝင်မှာဖြစ်ပါတယ်။ LENOVO Myanmar ကနေ တရားဝင်တင်သွင်းတာဖြစ်ပြီး ကွန်ပျူတာ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ