Lenovo V14 Laptop

ဒီဇိုင်းပိုင်း သေသပ်ကောင်းမွန်ပြီး Iron Gray Color နဲ့ ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လျစ် ဖြစ်တဲ့ Lenovo V14 Laptop ဖြစ်ပါတယ်။ ရုံးသုံး ကျောင်းသုံး Software တွေအပြင် ဂိမ်းတွေ၊ Engineering Software တွေသာမက Photo & Video Editing တွေအတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ryzen 7(4700U) 2.0GHz to 4.1GHz , 4MB L2 / 8MB L3 AMD CPU နဲ့ Graphic အတွက် AMD Radeon Graphics ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 8GB အသုံးပြုထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကိုတော့ 512GB SSD ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီအတွက်ကိုတော့ 3 cell, 52Wh အသုံးပြုထားပါတယ်။ ၁၄ လက်မအရွယ် FHD Anti-glare Display နဲ့ဖြစ်ပြီး အခြားသော စနစ်တွေ အနေနဲ့ 802.11ac 2×2 Wi-Fi + Bluetooth 5.0, M.2 Card, x USB 2.0•2x USB 3.1 Gen 1•1x HDMI 1.4b•1x card reader•1x headphone / microphone combo jack (3.5mm)•1x power connector, 4-in-1 card reader ,Webcam, Stereo speakers, 1.5W x2, Dolby® Audio™ စတာတွေထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၅၆၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««