Lenovo ThinkPad X1 Yoga (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၆၇၀

အားသာချက်

တောက်ပမှုရှိသလို ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ 1080p Display ၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ SSD ၊ Stylus စနစ်ထောက်ပံ့ပါဝင်တာ၊ ကမ္ဘာ့အဆင့်ကီးဘုတ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

SD ကတ်ပေါက် မပါဝင်တာ၊ Dispal ရဲ့ ဘေးဘောင်တွေက ကြီးမားတာ၊ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်း သိပ်အားမရတာနဲ့ touchpad အရွယ်အစား သေးတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Lenovo ThinkPad X1 Yoga က လုံခြုံရေးအသားပေး Laptop ကို သုံးချင်သူတွေနဲ့ အကြမ်းခံတဲ့ Laptop ကို ကိုင်ချင်သူတွေနဲ့ ဘက်ထရီနဲ့အချိန်ကြာကြာ သုံးနိုင်တဲ့ Laptop ကို သုံးချင်သူတွေအကြိုက် ဖြစ်မှာပါ။ သူ့မှာပါဝင်တဲ့ Integrated GPU စနစ်က ပရိုဂရမ်တွေနဲ့ သာမန် ဂိမ်းကစားတာမျိုးအတွက် အဆင်ပြေပေမယ့် Dirt 3 benchmark စမ်းသပ်မှုမှာ ThinkPad X1 Yoga က 29fps နဲ့အလုပ်လုပ်နိုင်ပြီး အနိမ့်ဆုံးသတ်မှတ်ချက် 30fps အောက်ရှိတာက ဂရပ်ဖစ်ဂိမ်းတွေကစားဖို့တော့ အဆင်ပြေမှာ မဟုတ်သလို Photoshop လိုဆော့ဖ်ဝဲမှာ ပုံပြင်တာမျိုးတွေ လုပ်ချင်သူတွေအတွက်ကတော့ စဉ်းစားစရာပါ။ ThinkPad X1 Yoga က ဂရပ်အဓိက မဟုတ်သလို ဂိမ်းကစားဖို့ စိတ်မဝင်စားသူတွေအတွက် ပြည့်ဝစုံလင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ စစ်တပ်သုံး အကြမ်းခံနိုင်မှု ထိပ်တန်းလုံခြုံရေးစနစ်နဲ့ Stylus ပါဝင်တဲ့ 2-in-1 အမျိုးအစား လုပ်ငန်းသုံး Laptop ကို သုံးချင်သူတွေအတွက် ပေးရတဲ့ဈေးနဲ့ တန်အောင်သုံးရမယ့် Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Lenovo ThinkPad X1 Yoga ရဲ့ ၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်တဲ့ Touchscreen ဖြစ်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core-i5-10310U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB eMMC SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိသလို 720p Webcam ကလည်း အွန်လိုင်းဗီဒီယို ဖုန်းခေါ်ဆိုမှုအတွက် အဆင်ပြေလှပေမယ့် အရမ်းကောင်းတယ်လို့တော့ မခံစားရပါဘူး။ ၄x၂.၃ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB 3.2 Type-A ပေါက်၊ Stylus ပေါက်၊ Lock slot ၊ Thunderbolt 3 ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

Lenovo ThinkPad X1 Yoga ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၁ နာရီနဲ့ ၃၀ မိနစ်ခန့် အသုံးပြုနိုင်တာက နှစ်သက်စရာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««