Lenovo ThinkCentre Tiny M70Q

နေရာမယူဘဲ တပ်ဆင်ရလွယ်ကူတဲ့ Lenovo ThinkCentre Tiny M70Q ဖြစ်ပါတယ်။ Multitasking တွေအတွက် monitor display သုံးခုအထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

Intel Core i5-10400T Processor (12MB Cache, up to 3.60GHz with Turbo Boost) CPU နဲ့ RAM ပိုင်းအတွက် DDR4 2666MHz SoDIMM စနစ်နဲ့ 8GB ထည့်သွင်း အသုံးပြုထားပြီး လိုအပ်ပါက 64GB အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Integrated Intel® UHD Graphics ကို အသုံးပြုထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB NVMe PCIe SSD ထောက်ပံ့ပေးထားပါတယ် ။ လိုအပ်ပါက Up to 1 TB 7200 RPM HDD , Up to 1 TB PCIe SSD ထပ်တိုးနိုင်ပါတယ်။ အခြားသော စနစ်တွေအဖြစ် Optional Intel® WiFi Intel Wireless-AC 9560 2×2 AC, Bluetooth Version 5.0, Security :PM 2.0 chip, BIOS-based Smart USB Protection, Kensington lock slot စတာတွေ ထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၇၀၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room နဲ့ (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄၊ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««