Lenovo Tab 4 10 Plus

တန်ဖိုး – ကန်ဒေါ်လာ ၃၁၅ (Amazon Price)

အားသာချက်

ဘက်ထရီသက်တမ်းကောင်း မွန်မှုက ဒီ tablet ရဲ့အားသာချက် တစ်ခုပါ။ ဒါ့အပြင် tablet ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ display ကလည်း ပေးရတဲ့ဈေးနဲ့ တန် အောင် ကောင်းမွန်တာတွေက ဒီ tablet ရဲ့ အားသာချက်တွေပါ။

အားနည်းချက်

Graphic ပိုင်းကလည်းအထူး ကောင်းမွန်တာမျိုးကိုတွေ့မြင် ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် Old version Android ကို အသုံး ပြုထားတာက ဒီ tablet ရဲ့ အား နည်းချက်ပါ။

အသေးစိတ်ဖော်ပြချက်

အသုံးပြုထားတဲ့ processor ကတော့ Qualcomm Sna-pdragon 625 ဖြစ် ပါတယ်။ RAM 4GB ပါဝင်မှာဖြစ်ပြီး အချက်အ လက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ storage ပါဝင်မှာဖြစ်ပါတယ်။ အချက်အ လက် များများစားစား ထည့်သွင်း ချင်သူတွေအနေနဲ့ကတော့့ microSD ကို 128GB အထိအ ထောက်အပံ့ပေးနိုင်အောင် စီစဉ် ပေးထားပါတယ်။Tablet မှာအ သုံးပြုထားတဲ့ OS ကတော့ Android 7.0 (Nougat) ဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၁၀ လက်မရှိမှာဖြစ်ပြီး screen resolution ကတော့ 1200 x 1920 ရှိမှာဖြစ်ပါတယ်။ Graphic ပိုင်းအတွက် Adreno506 chipset ကိုအသုံးပြုပေးထားပြီး ကင်မရာကတော့ Rear camera က 8Megapixels ရှိမှာဖြစ်ပါတယ်။ Front camera ကတော့ 5Megapixels သာရှိမှာပါ။

ဘက်ထရီ

ဘက်ထရီကို Li-Po 7000mAh အသုံးပြုထားပြီး စာဖတ်ရုံ browsing အသုံးပြု မယ်ဆိုရင် တော့ ရက်အနည်းငယ် ခန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကနေ တစ်ဆင့် Subscription လုပ်ထားလိုက်ပါ