Lenovo Tab 11 Pro နဲ့ Google Kids Space ထောက်ပံ့ထားတဲ့ Tab M10 HD

Lenovo ဟာ အဆင့်မြင့် နဲ့ ကလေးတွေအတွက် tablet တစ်လုံးစီ မိတ်ဆက်ခဲ့သလို အထိုင် စမတ်နာရီတစ်လုံးကို ပြသခဲ့ပါတယ်။

Lenovo Tab P11 Pro

Lenovo Tab P11 Pro မှာတော့ မျက်နှာပြင်အရွယ်အစား ၁၁.၅ လက်မ OLED display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေးကတော့ 2,560x 1,600px ဖြစ်ပါတယ်။ Tablet ရဲ့ အသံနဲ့ ရုပ်ပိုင်းဆိုင်ရာက အလွန်ကောင်းမွန်ပြီး HDR10 နဲ့ Dolby Vision ထောက်ပံ့ထားပါတယ်။ ရှေ့ဘက်မှာ JBL စပီကာ ၄ လုံးပါဝင်ပြီး 2.5cc chamber တွေနဲ့ ရုပ်ရှင်အသံ Dolby Atmos ချိန်ညှိမှု ပါဝင်လာပါတယ်။

Tablet မှာ Snapdragon 730 chipset နဲ့အတူ RAM 4/6GB နဲ့ storage 128GB အပြင် microSD ကတ်ပေါက်တို့ ပါဝင်လာပါတယ်။ အဲဒီချစ်ပ်က အမြန်ဆုံး မဟုတ်ပေမယ့်လည်း ကောင်းကောင်းထောက်ပံ့နိုင်ပါတယ်။ ဘက်ထရီကတော့ 8,600mAh ဖြစ်ပြီး ၁၅ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Lenovo က touch-pad ပါတဲ့ keyoard တစ်ခုကိုလည်း ထုတ်လုပ်ထားပြီး kick stand ပါဝင်တဲ့ folio case နဲ့ Lenovo Precision Pen 2 Stylus တို့ကိုလည်း ထုတ်လုပ်ထားပါတယ်။ Tab 11 Pro ဟာ Apple ရဲ့ iPad Pro၊ Samsung Galaxyx Tab S7+နဲ့ Microsoft Surface tablet တွေနဲ့ ယှဉ်ပြိုင်သွားပါမယ်။

Lenovo tablet အထူက ၇.၇ မီလီမီတာ ရှိပြီး အလူမီနီယမ်သတ္တုစပ်နဲ့ ပြုလုပ်ထားကာ နှစ်ရောင်စပ် ဒီဇိုင်း အသုံးပြုထားပါတယ်။ ကျောဘက်မှာ 13MP နဲ့ 5MP ultrawide တို့ပါဝင်လာပါတယ်။

ရှေ့ကင်မရာကတော့ 8MP အသုံးပြုထားပြီး face recognition စနစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ကိုယ်ပိုင် account ထဲကို အလိုအလျောက် ဝင်နိုင်ပြီး မိသားစုနဲ့အတူ tablet ကိုဝေမျှသုံးစွဲနိုင်တယ်။ ပါဝါခလုတ်ထဲမှာ fingerprint readr ပါဝင်လာပွတယ်။

နိုဝင်ဘာလမှပဲ Lenovo Tab P11 ကို ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းမှာ ဒေါ်လာ ၅၀၀ နဲ့ ရောင်းချပါမယ်။

Lenovo Tab M10 HD Gen 2

Lenovo Tab M10 HD Gen 2 ဟာ Google ဆီက Kids Space လုပ်ဆောင်ချက်ကို ပထမဆုံး အသုံးပြုထားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ လာမယ့်လမှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ကျသင့်ပါမယ်။ မိသားစုဖျော်ဖြေရေး ထုတ်ကုန်တစ်မျိုးပါ။

Kids Space လုပ်ဆောင်ချက်မှာ Play နဲ့ Read tab တွေပါဝင်ပြီး ဆရာ/ဆရာမ ထောက်ခံချက်ပေးထားတဲ့ ဂိမ်းနဲ့ စာအုပ်တွေကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ Watch နဲ့ Make tab တွေကတော့ YouTube Kids က ဗီဒီယိုတွေကို ပြသပေးပါတယ်။ ဒါ့အပြင် screen မပါတဲ့လုပ်ရတဲ့ လုပ်ဆောင်ချက်တွေကို အားပေးပါတယ်။ မိဘတွေက Family Link app ကို install လုပ်ပြီး tablet ကြည့်တဲ့အချိန်နဲ့ content ကိုကန့်သတ်တာတွေ လုပ်နိုင်ပါတယ်။

Tab M10 HD မှာတော့ မျက်နှာပြင် ၁၀.၁ လက်မ 720p IPS LCD နဲ့ Dolby Atmos ထောက်ပံ့ထားတဲ့ စပီကာတွေ ပါဝင်လာပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာနဲ့ face unlock နဲ့ ကျောဘက်မှာ ကင်မရာ ၁ လုံး ပါဝင်လာပါတယ်။

Tablet မှာ MediaTek P22T chipset နဲ့အတူ RAM 2GB နဲ့ Storage 32GB ပါဝင်လာပါတယ်။ Tablet အတွက် 4/64GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပါတယ်။

Tablet ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး ဘက်ထရီ 5,000mAh ပါဝင်လာပါတယ်။ အားသွင်းစနစ်ကတော့ USB-C ဖြစ်ပြီး pogo pin တွေပါဝင်လာပါတယ်။

Lenovo Smart Clock Essential

Lenovo Smart Clock Essential ကတော့ ဒေါ်လာ ၅၀ ကျသင့်ပြီး လာမယ့်လအတွင်း ရောင်းပါတယ်။ Lenovo Smart Clock ကတော့ ရိုးရှင်းပြီး LED display က အချိန်နဲ့ အပူချိန်အပြင် ရာသီဥတုခန့်မှန်းချက်ကို ပြသပေးပါမယ်။ နာရီမှာ ညမီး ပါဝင်ပါတယ်။

စမတ်လုပ်ဆောင်ချက်တွေကတော့ အသံနဲ့ထိန်းချုပ်တာအပြင် စမတ်အိမ်သုံး ထုတ်ကုန် ၄၀,၀၀၀ ကို assistant နဲ့ထိန်းချုပ်နိုင်ပါတယ်။ 3W စပီကာသုံးပြီး သီချင်းနားထောင်နိုင်ပါသေးတယ်။ ဒါ့အပြင် USB port ကနေ ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။

စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««