Lenovo Smart Tab M10

တန်းဖိုး – ကန်ဒေါ်လာ ၁၃၀ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသပြီး ပါဝင်တဲ့ feature တွေကလည်းအတော် လေးကောင်းမွန် တာကိုတွေ့ မြင် ရမှာပါ။ ကိုယ်ထည်အနောက် ဘက်ကိုကြာရှည်ခံမယ့် ပလတ်စတစ်နဲ့ပြုလုပ်ပေးထားပြီး dock ကလည်း P10 မှာ အသုံးပြုတဲ့ dock ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည်ပိုင်းကတော့ အရမ်းကောင်းမွန်တာမျိုးမဟုတ်သလို ဘက်ထရီသက်တမ်းကလည်း Lenovo Smart Tab P10 နဲ့ ယှဉ်မယ်ဆိုရင်အချိန်ကြာ ရှည်စွာသုံးစွဲနိုင် လောက်တာ မျိုးမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm Snapdragon 450 ကိုအသုံးပြုထားပြီး RAM ကတော့ 2GB ရှိမှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် storage space ကတော့ 16GB ခန့်သာပါဝင်မှာ ဖြစ်ပါ
တယ်။ ဒီ tablet ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး display screen resolution ကတော့ 1920 x 1200 ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ ကင် မရာတွေကတော့ နောက်ကင်မရာက 5 megapixels ရှိမှာ ဖြစ်ပြီး စကရင်ဘက်အခြမ်းကင်မရာကတော့ 2 megapixels သာရှိမှာ ဖြစ်ပါတယ်။ USB Type C နဲ့ docking ကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒီ tablet အတွက် အသုံးပြုထားတဲ့ Operating System ကတော့ Android version 8.1 ဖြစ်ပါတယ်။အင် တာနက် ကိုတော့ Wi-Fi စနစ်နဲ့သာ ချိတ်ဆက် သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီသိပ်သည်းဆကတော့ 4850mAh ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ