Lenovo Notebook နဲ့ Desktop ဝယ်ယူသူတွေကို ငွေသားပြန်လည်ပေးအပ်မယ်

Valentine’s Day အထိမ်းအမှတ်အနေနဲ့ Lenovo အမှတ်တံဆိပ် Notebook နဲ့ Desktop များကို ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၆ ရက်အထိ Cashback များပေးကာ KMD အရောင်းဆိုင်ကြီးတွေမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

အစီအစဉ်မှာ ငွေသားအနေနဲ့ ဝယ်ယူတဲ့ပစ္စည်း အမျိုးအစားအလိုက် Lenovo Ideapad 300 i7 Notebook ကို ကန်ဒေါ်လာ ၇၀၊ Lenovo Ideapad 110 i7 Notebook ကို ကန်ဒေါ်လာ ၆၀၊ Lenovo Ideapad 310 i5 ကို ကန်ဒေါ်လာ ၅၀၊ Lenovo Ideapad 100 & 110 i5 Notebook ကို ကန်ဒေါ်လာ ၂၀ ၊ Lenovo Ideapad 310 i3 & B40-80 i3 Notebook ကို ကန်ဒေါ်လာ ၁၅၊ Lenovo Ideapad 110 Celeron & Celeron Notebook ကို ကန်ဒေါ်လာ ၁၀၊ Lenovo Core i5 Desktop ကို ကန်ဒေါ်လာ ၄၅၊ Lenovo Core i3 ဘယ် Desktop ကိုမဆို ဝယ်ယူပါက ကန်ဒေါ်လာ ၄၀ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး သိရှိလိုပါက KMD အရောင်းဆိုင် ဖုန်း-၀၁ ၃၈၁၀၃၅၊ ၀၁ ၃၇၃၀၂၆၊ လိုင်းခွဲနံပါတ် ၁၄၁၊ ၁၄၂ တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။