Lenovo Legion Y540 Laptop

Gaming အတွက်သာမက Engineering Software အသုံးပြုမယ့်သူတွေ၊ Graphic Design သမားတွေအဆင်ပြေစေမယ့် GTX , RTX Graphic Card တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်တဲ့ Lenovo Legion Y540 Laptop ဖြစ်ပါတယ်။

i7 – 9750H (12MB Cache, 2.60GHz Up to 4.50GHz) CPU နဲ့ Graphic ပိုင်းအတွက်လည်း မိမိစိတ်တိုင်းကျ Nvidia GTX 1650 4GB , Nvidia GTX 1660 Ti 6GB နဲ့ Nvidia RTX 2060 6GB Graphic စတဲ့ သုံးမျိုးထဲက တစ်မျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ RAM ပိုင်းအတွက် 8GB DDR4 2666 ထောက်ပံ့ပေးထားပြီး ထပ်တိုး အသုံးပြုလိုသူတွေအတွက် Slot ထပ်မံ ထောက်ပံ့ပေးထားပါသေးတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1 TB HDD + 256 GB M.2 SSD ထောက်ပံ့ပေးထားပါတယ်။ ၁၅.၆ လက်မအရွယ်အစား FHD IPS AG Display ကိုအသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းနှုန်းမရွေး ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ အခြားသောစနစ်တွေဖြစ်တဲ့ 802.11 a/b/g/n/ac + BT 4.2, 2x USB-A 3.1 Gen 1, USB-A 2.0, HDMI, SD card reader, Headphone / mic combo စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။ 3-Cell: 57 Wh ဘက်ထရီ ထောက်ပံ့ပေးထားတဲ့ အတွက် ငါးနာရီဝန်းကျင် အသုံးပြုနိုင်မှာပါ။ စျေးနှုန်းကတော့ မိမိအသုံးပြုလိုတဲ့ Graphic ပေါ်မူတည်ပြီး ကန်ဒေါ်လာ 1099$ ကနေ 1379$ ဝန်းကျင်အထိ ကျသင့်မှာ ဖြစ်ပါတယ်။ LENOVO Myanmar က တရားဝင်တင်သွင်းတာဖြစ်ပြီး ကွန်ပျူတာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ