Lenovo Legion အမြည်း မိတ်ဆက်

Lenovo Legion ဖုန်းကို ဇူလိုင် ၂၂ ရက်မှာ တရားဝင် ထုတ်ဖော်မိတ်ဆက်ပါမယ်။ Lenovo Legion ဟာ gaming ဖုန်းဖြစ်ပြီး 144Hz display ပါဝင်လာကာ Android 10 အခြေခံ Lenovo ရဲ့ ZUI 12 အုပ်ထားတဲ့ Legion OS ပါဝင်တာကို ဗီဒီယိုမှာ မြင်ရပါတယ်။

Lenovo က Legion အမှတ်တံဆိပ်နဲ့ gaming ထုတ်ကုန်တွေ ထုတ်လုပ်လိုပါတယ်။ Lenovo Legion ဟာ အခြား gaming ဖုန်းတွေလိုပဲ 144Hz display ပါဝင်တဲ့အတွက် အလွန်မြန်ဆန်တဲ့ ဂိမ်းတွေကို ကိုင်တွယ်နိုင်ပါတယ်။
ပေါက်ကြားထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ CPU နဲ့ GPU clock speed တွေကို ပြသထားပါတယ်။ ဒါ့အပြင် settings ထဲက spec screen ကိုလည်း မြင်နိုင်ပါတယ်။ Lenovo Legion မှာ Snapdragon 865 လို့ နာမည်ပေါ်နေပြီး RAM ကတော့ LPDDR5 6GB ဖြစ်ပါတယ်။ Storage ကတော့ 128GB UFS 3.0 ဖြစ်ပါတယ်။

Lenovo ဟာ Legion Pro ဗားရှင်းကိုလည်း ထုတ်လုပ်ဖွယ်ရှိပါတယ်။ Legion Pro ဗားရှင်းမှာတော့ 16+ 512GB memory (UFS 3.1) ဖြစ်ပါတယ်။ Lenovo Legion အတွက် 90W အားသွင်းမြန်ဆန်စနစ် ပါဝင်လာနိုင်ကာ ဘက်ထရီကတော့ 5000mAh ဖြစ်ပါတယ်။

Lenovo ဟာ Legion ဖုန်းအတွက် 65mm driver တွေနဲ့အတူ စပီကာ၂ လုံးကို သုံးထားပါတယ်။ ဒါ့အပြင် haptic feedback အတွက် linear မော်တာ ၂ လုံးနဲ့အတူ uEngine ကိုတပ်ဆင်ထားပါတယ်။

စိုးထက်
Ref: GSMArena