Lenovo IdeaPad S940

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၇၉၉.၉၉

အားသာခ်က္

အရြယ္အစား က်စ္လ်စ္မႈရွိၿပီး ေပါ့ပါး ပါးလႊာတဲ့ Laptop တစ္လုံးျဖစ္ပါတယ္။ ႐ုပ္ထြက္အရည္အေသြး ျမင့္မားေကာင္းမြန္တဲ့ UHD HDR Display နဲ႔ အသုံး၀င္တဲ့ တစ္ကိုယ္ေရဆုိင္ရာ ေဆာ့ဖ္၀ဲနဲ႔ Laptop ရဲ႕ features ေတြ အထူးေကာင္းမြန္တာက ဒီ Laptop ရဲ႕ အားသာခ်က္ျဖစ္ပါ တယ္။

အားနည္းခ်က္

ေစ်းႀကီးတာနဲ႔ 4K UHD Display အသုံးျပဳထားတဲ့အတြက္ ဘက္ထရီက မွတ္ခ်က္ေကာင္းေကာင္း ေပးရေလာက္ေအာင္ အခ်ိန္ၾကာၾကာ အသုံးမျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ပါ။

သုံးသပ္ခ်က္

Lenovo IdeaPad S940 က Curved-edge HDR display နဲ႔ AI လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ပါ၀င္တဲ့ Webcam စနစ္ေတြ ပါ၀င္တဲ့အျပင္ က်စ္လ်စ္ၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ဒီဇုိင္းေတြက ပရီမီယံ Ultraportable Laptop တစ္လုံးလို႔ဆိုရမွာပါ။ သူ႔ရဲ႕ ေစ်းက ေစ်းႀကီးတယ္လို႔ထင္ရေပမယ့္ သူ႔မွာ အသုံးျပဳထားတဲ့ ဟာ့ဒ္၀ဲ၊ ေဆာ့ဖ္၀ဲနဲ႔ Laptop ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ မမ်ားဘူးလို႔ဆိုရမွာပါ။ Cutting-edge ဒီဇုိင္းနဲ႔ UHD 4K Display နဲ႔ လုပ္ေဆာင္ခ်က္နည္းပညာသစ္ေတြ ေထာက္ပံ့ပါ၀င္တာေတြက ဒီ Laptop ရဲ႕ အဓိက ဆြဲေဆာင္ႏုိင္လြန္းတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

ျမင္ကြင္းအက်ယ္ကေတာ့ ၁၄ လက္မရွိၿပီး Touchscreen အမ်ဳိးအစားျဖစ္ပါတယ္။ ႐ုပ္ထြက္အရည္အေသြးကို 3840x3840p အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ အျမန္ႏႈန္း 1.8GHz ရွိတဲ့ 8th Gen Intel Core i7-8565U CPU ကို အသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256GB SSD ကို တပ္ဆင္ထားပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 620 ေထာက္ပံ့ပါ၀င္ပါတယ္။ ၄.၃x၂.၁ လက္မ အရြယ္အစား Touchpad ပါ၀င္ၿပီး Webcam ကေတာ့ 720p အမ်ဳိးအစား ျဖစ္ပါတယ္။ WiFi 802.11ac၊ Bluetooth 5.0 ေထာက္ပံ့ပါ၀င္ပါတယ္။ USB 3.1 Gen 1 Type-C ေပါက္၊ USB Type C (Thunderbolt 3) ေပါက္ေတြ ပါ၀င္ပါတယ္။

UHD Display နဲ႔ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၇ နာရီနဲ႔ ၂၆ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ၿပီး 1920x1080p Full HD Display နဲ႔ဆိုေတာ့ ၁၅ နာရီ၀န္းက်င္ေလာက္ အသုံးျပဳႏုိင္မယ္လုိ႔ Lenovo က ဆိုထားပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂ ကီလိုဂရမ္ ( ၂.၆၄ ေပါင္) ရွိပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.cnet.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၇၉၉.၉၉

အားသာချက်

အရွယ်အစား ကျစ်လျစ်မှုရှိပြီး ပေါ့ပါး ပါးလွှာတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး မြင့်မားကောင်းမွန်တဲ့ UHD HDR Display နဲ့ အသုံးဝင်တဲ့ တစ်ကိုယ်ရေဆိုင်ရာ ဆော့ဖ်ဝဲနဲ့ Laptop ရဲ့ features တွေ အထူးကောင်းမွန်တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါ တယ်။

အားနည်းချက်

စျေးကြီးတာနဲ့ 4K UHD Display အသုံးပြုထားတဲ့အတွက် ဘက်ထရီက မှတ်ချက်ကောင်းကောင်း ပေးရလောက်အောင် အချိန်ကြာကြာ အသုံးမပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Lenovo IdeaPad S940 က Curved-edge HDR display နဲ့ AI လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါ၀င်တဲ့ Webcam စနစ်တွေ ပါ၀င်တဲ့အပြင် ကျစ်လျစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းတွေက ပရီမီယံ Ultraportable Laptop တစ်လုံးလို့ဆိုရမှာပါ။ သူ့ရဲ့ စျေးက စျေးကြီးတယ်လို့ထင်ရပေမယ့် သူ့မှာ အသုံးပြုထားတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနဲ့ Laptop ရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မများဘူးလို့ဆိုရမှာပါ။ Cutting-edge ဒီဇိုင်းနဲ့ UHD 4K Display နဲ့ လုပ်ဆောင်ချက်နည်းပညာသစ်တွေ ထောက်ပံ့ပါ၀င်တာတွေက ဒီ Laptop ရဲ့ အဓိက ဆွဲဆောင်နိုင်လွန်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၄ လက်မရှိပြီး Touchscreen အမျိုးအစားဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးကို 3840x3840p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမြန်နှုန်း 1.8GHz ရှိတဲ့ 8th Gen Intel Core i7-8565U CPU ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါ၀င်ပါတယ်။ ၄.၃x၂.၁ လက်မ အရွယ်အစား Touchpad ပါ၀င်ပြီး Webcam ကတော့ 720p အမျိုးအစား ဖြစ်ပါတယ်။ WiFi 802.11ac၊ Bluetooth 5.0 ထောက်ပံ့ပါ၀င်ပါတယ်။ USB 3.1 Gen 1 Type-C ပေါက်၊ USB Type C (Thunderbolt 3) ပေါက်တွေ ပါ၀င်ပါတယ်။

UHD Display နဲ့ အသုံးပြုမှုကို ဘက်ထရီနဲ့ ရ နာရီနဲ့ ၂၆ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပြီး 1920x1080p Full HD Display နဲ့ဆိုတော့ ၁၅ နာရီဝန်းကျင်လောက် အသုံးပြုနိုင်မယ်လို့ Lenovo က ဆိုထားပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် ( ၂.၆၄ ပေါင်) ရှိပါတယ်။

Ref: www.cnet.com