Lenovo Ideapad Flex 5 (i5) 2 in 1

Display အရွယ်အစား ၁၄ လက်မရှိပြီး touch screen သုံးနိုင်တဲ့အပြင် ထိန်းချုပ်နိုင်ဖို့အတွက် Lenovo Digital Pan ပါဝင်ထောက်ပံ့ပေးထားတဲ့ Lenovo Ideapad Flex 5 (i5) 2 in 1 ဖြစ်ပါတယ်။ အလုပ်အတွက်ဖြစ်စေ ကျောင်းစာတွေအတွက်ဖြစ်စေ ဘက်စုံအသုံးပြုနိုင်မယ့် အပြင် ပေါ့ပါးကာ စမတ်ကျတဲ့ ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ 11th Gen Intel® Core™ i5-1135G7 Processor (4 Cores / 8 Threads, 2.40 GHz, up to 4.20 GHz with Turbo Boost, 8 MB Cache) CPU နဲ့ Graphic အတွက် Intel® tris Xe Graphics ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB SSD ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီအနေနဲ့ 3 cell, 52.5Wh ဘက်ထရီထောက်ပံ့ပေးထားပါတယ်။ Display ပိုင်းအတွက်ကိုတော့ ၁၄ လက်မအရွယ်အစား FHD (1920×1080) TN 220nits Glossy, 45% NTSC ထောက်ပံ့ပေးထားပြီး Tablet လို ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ အခြားသော စနစ်တွေ အနေနဲ့ Webcam (720p HD Camera with Privacy Shutter), Intel Wi-Fi 6 AX201 (2×2 AX) & Bluetooth® 5.0, 2 x USB 3.1 (Gen 1), USB-C (Gen 1 with PD), HDMI 1.4b, 4-in-1 card reader (SD, SDHC, SDXC, MMC) ,2 x 2W speakers စတာတွေ ထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၇၃၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««