LENOVO Ideapad 3i Gaming Laptop

စွမ်းဆောင်ရည်မြင့်မားပြီး သယ်ဆောင်ရပေါ့ပါးတဲ့ LENOVO IDEAPAD 3i Gaming laptop ဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင်တွေ အကြိုက်တွေ့နိုင်ပြီး ဈေးကွက်ထဲမှာ i7 နဲ့ i5 ဆိုပြီး နှစ်မျိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Webcam ထောက်ပံ့ပေးထားပြီး webcam မှာ privacy shutter ပါဝင်ပါတယ်။ 10 gen Intel Core i5-10300H Processor နဲ့ Intel Core i7-10750H Processor ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ဂိမ်းကစားမှုနဲ့ အခြားသောစွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့အတွက် GTX 1650 4GB GDDR6 Graphic ကို ထောက်ပံ့ပေးထားပါတယ်။ RAM ကတော့ DDR4 စနစ်နဲ့ 8GB ထောက်ပံ့ပါဝင်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB SSD M.2 2242 PCIe NVMe ပါဝင်ပါတယ်။ Windows 10 Home License နဲ့ ဖြစ်ပါတယ်။ ၁၅.၆ လက်မအရွယ် FHD IPS AG Display ကို အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းနှုန်းမရွေး ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ အခြားသောစနစ်တွေဖြစ်တဲ့ 2×2 WiFi 6 802.11 ax, Bluetooth® 5.0, USB 3.1 (Gen 1) , USB-C 3.1 , HDMI 2.0 , RJ45, Headphone / mic combo , Novo hole, 2 x 1.5W speakers စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ဘက်ထရီကလည်း အားအပြည့်သွင်းထားရင် ခြောက်နာရီဝန်းကျင် အသုံးပြုနိုင်ပါတယ်။ အရွယ်အစားက 14.13 x 9.83 x 0.98 လက်မဖြစ်ပြီး ၄.၈ ပေါင် အလေးချိန်ရှိပါတယ်။

Intel Core i7 ကို အမေရိကန်ဒေါ်လာ ၉၈၉ ၊ Core i5-ကို အမေရိကန်ဒေါ်လာ ၈၈၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ LENOVO Myanmar က တရားဝင်တင်သွင်းတာ ဖြစ်ပြီး ကွန်ပျူတာ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ