LENOVO Ideapad 3

စွမ်းဆောင်ရည်မြင့်မားပြီး ပေါ့ပေါ့ပါးပါးနဲ့ စွယ်စုံသုံးနိုင်တဲ့ Lenovo အမှတ်တံဆိပ် Ideapad 3 ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ အသံထွက်ပိုင်းမှာလည်း Dolby ရဲ့ Audio System နဲ့ဖြစ်တဲ့အတွက် အကောင်းဆုံး အသံအရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ ကင်မရာအသုံးပြုဖို့ မလိုအပ်ရင်လည်း ပိတ်လို့ရတဲ့ Shutter စနစ် ထောက်ပံ့ပေးထားပါတယ်။

Intel® Core i5-10210U CPU နဲ့ Graphic ပိုင်းအတွက် NVIDIA GeForce MX130 2GB GDDR5 ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 4GB DDR4 2666 Onboard+ 1 Slot ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်က တော့ 512GB SSD M.2 2280 PCIe NVMe + HDD ပါဝင်ပါတယ်။ ၁၄ လက်မအရွယ် FHD TN AG Display ကို အသုံးပြုထားတဲ့ အတွက် နေရာမရွေး အလင်းနှုန်းမရွေး အဆင်ပြေစွာနဲ့ အသုံးပြုနိုင်ပါတယ်။ အခြားသောစနစ်တွေဖြစ်တဲ့ WiFi 2 x 2, 1 x 1 AC, Bluetooth 5.0, 2 x USB 3.1 (Gen 1), USB 2.0, HDMI 1.4b, SD card reader စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကတော့ 2CELL 35WH အမျိုးအစားဖြစ်ပါတယ်။ KMD မှ တရားဝင်တင်သွင်းတာဖြစ်ပြီး ကွန်ပျူတာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ