LENOVO ideapad 3 V14IML

ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည် သင့်တင့်ကောင်းမွန်တဲ့ LENOVO ideapad 3 V14IML ဖြစ်ပါတယ်။ အရွယ်အစားက ကျစ်ကျစ်လျစ်လျစ်ရှိပြီး Audio ပိုင်းမှာလည်း Dolby Audio Speaker သုံးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ အသံတွေကို ခံစားရရှိနိုင်မှာပါ။

Intel Core i3-1005G1 CPU နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 4GB ထည့်သွင်းအသုံးပြုထားပါတယ်။ Memory ကိုတော့12GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် 1TB HD 5400rpm 2.5 ထောက်ပံ့ပေးထားပါတယ်။ Display က ၁၄ လက်မအရွယ်အစား ဖြစ်ပြီး Anti-glare နည်းပညာ အသုံးပြုထားတဲ့အတွက် ကြည်လင်တဲ့ မှန်သားပြင်ကို အလင်းမပြန်ဘဲ နေရာမရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

FHD Display အမျိုးအစား ဖြစ်ပါတယ်။ အခြားသော စနစ်တွေအနေနဲ့ WiFi 2 x 2, 1 x 1 A, Bluetooth 5.0, 2 x USB 3.1 (Gen 1), USB 2.0, HDMI 1.4b, SD card reader, Headphone / mic combo, Webcam စတာတွေ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 396.75 x 329.95 x 41.91 mm ဖြစ်ပြီး အလေးချိန်က 1.6kg ရှိပါတယ်။ တန်ဖိုးက 415 usd နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာပါ။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။‌

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««