Lenovo Chromebook Flex 5

ဈေးနှုန်း – ကန်ဒေါ်လာ ၄၀၉.၉၉

အားသာချက်

ပြောင်းလွယ်ပြင်လွယ်တဲ့ 2-in-1 ဒီဇိုင်းနဲ့ဖြစ်ပြီး Touchscreen စနစ်က Stylus နဲ့အသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးထားသလို ထူးခြားတဲ့ ကီးဘုတ်စနစ်နဲ့ Webcam မှာ Privacy လုံခြုံရေးအတွက် ဖွင့်ပိတ်လုပ်နိုင်တဲ့ shutter စနစ်ထောက်ပံ့ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်မျှတမှုရှိတာ နှစ်ခြိုက်စရာပါ။

အားနည်းချက်

ဘက်ထရီနဲ့အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက် နည်းတာ၊ အလယ်အလတ်အဆင့် Laptop စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာနဲ့ Display က အနည်းငယ်မှိန်တယ်လို့ ခံစားရတာတွေက ဒီ L‌apto‌p ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဒေါ်လာ ၅၀၀ အောက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Chromebook Laptop တစ်လုံးကိုဝယ်ချင်သူတွေအတွက် Lenovo Chromebook Flex 5 က သင့်တော်မှုရှိတဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ ကောင်းမွန်တဲ့ ကိုယ်ထည် တည်ဆောက်မှု၊ ၃၆၀ ဒီဂရီ ခေါက်ပြီး အသုံးပြုနိုင်မှု၊ သက်သောင့်သက်သာ ရိုက်နိုင်တဲ့ ကီးဘုတ်စနစ်နဲ Webcam မှာ Privacy shutter တွေ ထောက်ပံ့ပါဝင်တဲ့အပြင် Display က Touchscreen အမျိုးအစား ဖြစ်တာတွေက ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမှာပါ။ ဒါပေမဲ့ မိမိအနေနဲ့ နောက်ထပ် ဒေါ်လာ ၁၀၀ လောက်ထပ်သုံးလိုက်မယ် ဆိုရင်တော့ ဘက်ထရီပိုကြာကြာခံပြီး Display ပိုပြီးတောက်ပတဲ့ 2-in-1 အမျိုးအစား Asus Chromebook Flip C434 ကို ရနိုင်ပါတယ်။ Lenovo Flex 5 Chromebook က ဘတ်ဂျက် နည်းနည်းနဲ့ လုပ်ငန်းအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုချင်တဲ့သူတွေ ရွေးချယ်ဖို့ကောင်းတဲ့ ဒေါ်လာ ၅၀၀ အောက် 2-in-1 Laptop တစ်လုံးလို့ သုံးသပ်ရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p အထိထောက်ပံ့ပေးနိုင်တဲ့ Touchsceen အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core-i3-10110U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 4 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB eMMC flash memory တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ၄x၂.၆ လက်မ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ကိုယ်ထည်ရဲ့ ညာဘက်ဘောင်ထဲမှာ USB Type-C ပေါက်၊ Kensington lock ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက် ဘောင်ထဲမှာ USB Type-A ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်း ပေးထားပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကိုဘက်ထရီနဲ့ ၇ နာရီနဲ့ ၂၀ မိနစ်ခန့် အသုံးပြုနိုင်တာက Chromebook တစ်လုံးရဲ့ ပျှမ်းမျှသုံးနိုင်တဲ့ ဘက်ထရီကြာချိန် ၁၀ နာရီဝန်းကျင်ထက် နည်းတယ်လို့ ဆိုရမှာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com