Lenovo မွ Laptop ပစၥည္းသစ္ႏွစ္မ်ိဳးမိတ္ဆက္

[ Zawgyi ]

Lenovo မွ Laptop ပစၥည္းသစ္ႏွစ္မ်ိဳး မိတ္ဆက္တဲ့ အခမ္းအနားကို ဇြန္လ ၂၇ ရက္က Novotel Yangon Max Hotel မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

တက္ဘလက္ တစ္ခုအျဖစ္သုံးႏိုင္သလို ၃၆၀ ဒီဂရီလွည့္ hinge ကိုလည္းတပ္ဆင္ထားတဲ့ Lenovo Yoga 520 (14) နဲ႔ အသုံးျပဳရ လြယ္ကူသလို အျမင့္ဆုံး စြမ္းေဆာင္ရည္ေပးႏိုင္တဲ့ Lenovo Ideapad 330 Laptop ႏွစ္မ်ိဳး ကိုမိတ္ဆက္ခဲ့ပါတယ္။ Lenovo Yoga 520 မွာ 8th generation Intel Core i5 အထိ အျမင့္ဆုံးရရွိႏိုင္သလို ႏွစ္မ်ိဳးအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

ဘက္ထရီရီအေနနဲ႔ ၁၀ နာရီအထက္ ၾကာျမင့္စြာအသုံးျပဳႏိုင္သလို Lenovo Active Pen နဲ႔ Fingerprint Reader လည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ Lenovo Ideapad 330 မွာ Intel Quad Core Processor သုံးထားၿပီး NVIDIA ရဲ႕ ေပါင္းစပ္မႈရွိၿပီး ႐ုပ္ထြက္စြမ္းေဆာင္ရည္ Multi-Tasking လုပ္ေဆာင္ႏိုင္မႈနဲ႔ ျမင့္မားတဲ့ Gaming စြမ္းေဆာင္ရည္ ရွိမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ပစၥည္းသစ္ႏွစ္မ်ိဳးျဖစ္တဲ့ Lenovo Ideapad 330 ကို ၃၀၉ ေဒၚလာမွစတင္ ဝယ္ယူႏိုင္သလို Lenovo Yoga 520(14) ကို ၇၉၉ ေဒၚလာမွစၿပီး ဝယ္ယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

Lenovo မှ Laptop ပစ္စည်းသစ်နှစ်မျိုး မိတ်ဆက်တဲ့ အခမ်းအနားကို ဇွန်လ ၂၇ ရက်က Novotel Yangon Max Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တက်ဘလက် တစ်ခုအဖြစ်သုံးနိုင်သလို ၃၆၀ ဒီဂရီလှည့် hinge ကိုလည်းတပ်ဆင်ထားတဲ့ Lenovo Yoga 520 (14) နဲ့ အသုံးပြုရ လွယ်ကူသလို အမြင့်ဆုံး စွမ်းဆောင်ရည်ပေးနိုင်တဲ့ Lenovo Ideapad 330 Laptop နှစ်မျိုး ကိုမိတ်ဆက်ခဲ့ပါတယ်။ Lenovo Yoga 520 မှာ 8th generation Intel Core i5 အထိ အမြင့်ဆုံးရရှိနိုင်သလို နှစ်မျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီရီအနေနဲ့ ၁၀ နာရီအထက် ကြာမြင့်စွာအသုံးပြုနိုင်သလို Lenovo Active Pen နဲ့ Fingerprint Reader လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Lenovo Ideapad 330 မှာ Intel Quad Core Processor သုံးထားပြီး NVIDIA ရဲ့ ပေါင်းစပ်မှုရှိပြီး ရုပ်ထွက်စွမ်းဆောင်ရည် Multi-Tasking လုပ်ဆောင်နိုင်မှုနဲ့ မြင့်မားတဲ့ Gaming စွမ်းဆောင်ရည် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ပစ္စည်းသစ်နှစ်မျိုးဖြစ်တဲ့ Lenovo Ideapad 330 ကို ၃၀၉ ဒေါ်လာမှစတင် ဝယ်ယူနိုင်သလို Lenovo Yoga 520(14) ကို ရ၉၉ ဒေါ်လာမှစပြီး ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ