Lenovo နဲ႔ယွဥ္ၿပိဳင္မယ့္ ေဒၚလာ ၂၅၀ တန္ စမတ္ display ကို JBL မိတ္ဆက္

[ Zawgyi ]

Audio hardware အမွတ္တံဆိပ္ JBL ဟာ Google Assistant နဲ႔သံုးႏိုင္မယ့္ Link View ထုတ္ကုန္သစ္နဲ႔အတူ စမတ္ display ေစ်းကြက္ထဲ ဝင္ေရာက္လာပါတယ္။ Link View ရဲ႕ တန္ဖိုးက ေဒၚလာ ၂၅၀ ျဖစ္ပါတယ္။

Link View မွာ ၈ လက္မ touchscreen နဲ႔ 10W စပီကာႏွစ္ခုအျပင္ video call အတြက္ 5-megapixel အေရွ႕ဘက္ကင္မရာနဲ႔ ကင္မရာ shutter ကို ပိတ္ၿပီး mic ကို mute လုပ္ေပးမယ့္ Privacy Switch feature တို႔ ပါဝင္ပါတယ္။

ဒါဟာ ၁၉၉ ေဒၚလာတန္ ၈ လက္မ Lenovo စမတ္ display ထက္ ေစ်းအနည္းငယ္ပိုမ်ားပါတယ္။ Link View ရဲ႕ေစ်းႏႈန္းအတိုင္းဆိုရင္ Lenovo စမတ္ display ကို ၁၀ လက္မ ေမာ္ဒယ္နဲ႔ ရႏိုင္ပါတယ္။

Lenovo ရဲ႕စမတ္ display ဟာ တင္ပို႔ေရာင္းခ်ဖို႔ အသင့္ျဖစ္ေနေပမယ့္ JBL ရဲ႕ Link View ကိုေတာ့ စက္တင္ဘာလ အေစာပိုင္းမွာသာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ Link View ရဲ႕ screen resolution ကိုလည္း JBL က မေဖာ္ျပခဲ့ပါဘူး။

Lenovo စမတ္ display လိုပဲ Link View မွာ Google ရဲ႕ Android Things OS ကို အသံုးျပဳထားၿပီး ေမးခြန္းေတြ ေမးျမန္းတာ၊ သီခ်င္းနဲ႔ YouTube ဗီဒီယိုေတြ ဖြင့္တာ၊ စမတ္ gadget ေတြ ထိန္းခ်ဳပ္တာေတြကို တံု႔ျပန္ေပးႏိုင္ပါတယ္။

လက္ရိွမွာ Link View ကို JBL ဆိုက္ေပၚကေန ေအာ္ဒါမွာယူႏိုင္ၿပီး စက္တင္ဘာ ၃ ရက္မွာ တင္ပို႔ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: TheNextWeb

[ Unicode ]

Audio hardware အမှတ်တံဆိပ် JBL ဟာ Google Assistant နဲ့သုံးနိုင်မယ့် Link View ထုတ်ကုန်သစ်နဲ့အတူ စမတ် display စျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ Link View ရဲ့ တန်ဖိုးက ဒေါ်လာ ၂၅၀ ဖြစ်ပါတယ်။

Link View မှာ ၈ လက်မ touchscreen နဲ့ 10W စပီကာနှစ်ခုအပြင် video call အတွက် 5-megapixel အရှေ့ဘက်ကင်မရာနဲ့ ကင်မရာ shutter ကို ပိတ်ပြီး mic ကို mute လုပ်ပေးမယ့် Privacy Switch feature တို့ ပါဝင်ပါတယ်။

ဒါဟာ ၁၉၉ ဒေါ်လာတန် ၈ လက်မ Lenovo စမတ် display ထက် စျေးအနည်းငယ်ပိုများပါတယ်။ Link View ရဲ့စျေးနှုန်းအတိုင်းဆိုရင် Lenovo စမတ် display ကို ၁၀ လက်မ မော်ဒယ်နဲ့ ရနိုင်ပါတယ်။

Lenovo ရဲ့စမတ် display ဟာ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်နေပေမယ့် JBL ရဲ့ Link View ကိုတော့ စက်တင်ဘာလ အစောပိုင်းမှာသာ ရောင်းချသွားမှာဖြစ်ပါတယ်။ Link View ရဲ့ screen resolution ကိုလည်း JBL က မဖော်ပြခဲ့ပါဘူး။

Lenovo စမတ် display လိုပဲ Link View မှာ Google ရဲ့ Android Things OS ကို အသုံးပြုထားပြီး မေးခွန်းတွေ မေးမြန်းတာ၊ သီချင်းနဲ့ YouTube ဗီဒီယိုတွေ ဖွင့်တာ၊ စမတ် gadget တွေ ထိန်းချုပ်တာတွေကို တုံ့ပြန်ပေးနိုင်ပါတယ်။

လက်ရှိမှာ Link View ကို JBL ဆိုက်ပေါ်ကနေ အော်ဒါမှာယူနိုင်ပြီး စက်တင်ဘာ ၃ ရက်မှာ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: TheNextWeb