Lenovo နဲ့ NEC ပူးပေါင်းဖန်တီးထားတဲ့ ၈ လက်မ gaming ကွန်ပျူတာ

Lenovo နဲ့ NEC တို့ပူးပေါင်းပြီး ၈ လက်မအရွယ် အလွယ်တကူ သယ်သွားနိုင်တဲ့ concept ကွန်ပျူတာကို ပြသခဲ့ပါတယ်။ Lavie Mini အမည်ရတဲ့ ကွန်ပျူတာက Nintendo Switch လိုမျိုး ခလုတ်တွေ တပ်လို့ရပါတယ်။

Lavie Mini မှာတော့ ၁၁ ခုမြောက်မျိုးဆက် Intel Core i7 မိုဘိုင်းပရိုဆက်ဆာနဲ့အတူ Intel Xe graphics ပါဝင်ပြီး အလေးချိန်က ၅၇၉ ဂရမ်ပဲ ရှိပါတယ်။ Mini ဂိမ်းစက်မှာ storage 256GB နဲ့ memory 16GB အပြင် 26Wh ပါဝင်လာပါတယ်။ Mini မှာတော့ quick charge dock ပါဝင်ပြီး HDMI link နဲ့ USB port တွေပါဝင်လာပါတယ်။ Lenovo ကတော့ concept ထုတ်ကုန်အတွက် ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို မပြောသေးပါဘူး။

Lenovo ဟာ Lavie Mini ထုတ်ကုန်အပြင် ဒေါ်လာ ၁,၇၀၀ Lavie Pro Mobile ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Lavie Pro Mobile အထူကတော့ ၁၆.၇ မီလီမီတာ ရှိပြီး အလွန်ပါးလွှာတဲ့ ထုတ်ကုန်ဖြစ်ကာ ၁၁ ခုမြောက်မျိုးဆက် Intel Core i7 ပရိုဆက်ဆာနဲ့ Xe graphics ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အရွယ်ကတော့ ၁၃.၃ လက်မ display နဲ့ဖြစ်ပြီး ဘက်ထရီ ၁၀ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Lavie ထုတ်ကုန်တွေအပြင် Lenovo က အခြားထုတ်ကုန်တွေလည်း မိတ်ဆက်ခဲ့ပါတယ်။ ပထမဆုံး ထုတ်ကုန်ကတော့ IdeaPad 5G laptop ဖြစ်ပြီး ၁၄ လက်မအရွယ် Full HD laptop နဲ့ sub-6GHz 5G ချိတ်ဆက်မှု ပါဝင်လာပါတယ်။ Snapdragon 8cx silicon အပြင် Qualcomm Adreno 680 graphics အသုံးပြုထားပါတယ်။

Idea Pad 5G မှာတော့ memory 8GB နဲ့ storage 512GB ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 51Wh ရှိပြီး နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။IdeaPad 5G ကိုတော့ ဈေးကွက််တချို့မှာပဲ ရောင်းချမယ်လို့ Lenovo ကပြောထားပေမယ့် ဈေးနှုန်းတော့ မထုတ်ပြန်သေးပါဘူး။

-စိုးထက်
Ref: ZDNet

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««