Leica V-Lux 5
[ Zawgyi ]
အားသာချက်
1”(13.2 x 8.8 mm) အရွယ်ရှိ MOS Sensor ပါဝင်ပြီး Optical & Mechanical Image Stabilization ထောက်ပံ့ပေး ထား တဲ့ Leica ထုတ် V-Lux 5 မော်ဒယ် ဒီဂျစ်တယ် ကင်မရာ
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ1250$
အားသာချက်
1”(13.2 x 8.8 mm) အရွယ်ရှိ MOS Sensor ပါ၀င်ပြီး Optical & Mechanical Image Stabilization ထောက်ပ့ံပေး ထား တဲ့ Leica ထုတ် V-Lux 5 မော်ဒယ် ဒီဂျစ်တယ် ကင်မရာ
ဖြစ်ပါတယ်။ 20.1 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K (3840 x 2160) at 23.976p/29.97p အထိ ရိုက်ကူး
နိုင်မှာပါ။ Lens အနေနဲ့က Leica DC Vario-Elmar9.1-146mm, 16x (digital 4X) ဖြစ်ပြီး 35mm မြင်ကွင်းနဲ့တွက်ရင် 24-400mm မြင်ကွင်းနဲ့ရရှိမှာပါ။ JPEG File အတွက် Frame per second 12fps မြန်နှုန်းနဲ့ ရိုက်ကူး နိုင်ပါတယ်။
1.24m-dot အရည်အသွေး ရှိ ၃ လက်မအရွယ် Touch Screen LCD ပါ၀င်ပြီး ထိတွေ့စေ ခိုင်းနိုင်မှာဖြစ်ပါတယ်။ 2.36m – dot အရည်အသွေးရှိ electronic viewfinder လည်း ထောက်ပံ့ပေး ထားပါတယ်။ ချိတ်ဆက်မှု အတွက်ကြိုးနဲ့ဆိုရင် HDMI D (Micro), USB 2.0 Micro-B နဲ့ ချိတ်ဆက်နိုင်သလို ကြိုးမဲ့ အတွက်ဆိုရင်တော့ Wi-Fi, Bluetooth စနစ်တွေ ထည့်သွင်းထောက်ပံံ့ပေးထားတဲ့အတွက် မိုဘိုင်းဖုန်းပေါ်က ရိုက်ကူးနိုင်သလို ရိုက်ကူးပြီးရင်လည်း လူမှုကွန်ရက်တွေပေါ် ချက်ချင်းတင်နိုင်မှာဖြစ်ပါတယ်။
အားနည်းချက်
4k Video ထောက်ပံ့မှု ပါဝင်ပေမယ့် ဗီဒီယိုရိုက်ကူးနှုန်း Frame Per Second အနေနဲ့ 23fps လောက်သာ ရရှိနိုင်တာကသူ့ရဲ့ အားနည်းချက်အနည်းငယ် ဖြစ်နေပါတယ်။
သုံးသပ်ချက်
Bridge Level အမျိုးအစား ဖြစ်တဲ့အတွက် Shutter, Aperture Priority တွေ ချိန်ညှိအသုံးချနိုင်ပါတယ်။ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe ပါ၀င်တဲ့အတွက် ပရော်ဖက်ရှယ် နယ်ဆန်ဆန် ကိုင်ဆောင်နိုင်တာကြောင့် ဒီတန်ကြေးနဲ့ Leica အမျိုးအစားကိုင်နိုင်တာကိုက မဆိုးလှဘူးလို့ ပြောရပါမယ်။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့ RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ4K UHD, UHD 4K (3840 x 2160) at 23.976p, ISO Auto, 125 ကနေ 12500 (Extended Mode:Auto, 80
to 25000) အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ Mechanical မှာအနှေးဆုံး 60” ကနေ 1 / 4000 အထိရပြီး Electronic မှာ 1- 1/16000 အထိရရှိမှာ ဖြစ်ပါတယ်။ Bult-in Flash အမျိုးစားကတော့ Pop-Up အမျိုးအစားဖြစ်ပြီး Flash Mode မှာ Auto, Auto/Red-Eye Reduction, Forced on, Forced on/ Red-Eye Reduction, Off, Slow Sync, Slow Sync/ Red-Eye Reduction တို့ပါ၀င်ပါတယ်။ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်းပါ၀င်မှာပါ။
Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Sense Mode, Auto, Compensation : -5 EV to +5 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင် ပါတယ်။ White Balance ပိုင်းမှာ Auto, Cloudy, Color Temperature, Daylight, Flash, Incandescent, Shade, White Set 1, White Set 2, White Set 3, White Set 4 စတာတွေ ပါ၀င်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted, Multi, Spot သုံးမျိုးပါ၀င်ပါတယ်။
Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အရွယ် အစား 136.7 x 97.2 x 131.5 mm ဖြစ်ပြီး အလေးချိန် 812g ရှိပါတယ်။
Ref: B & H