Leica SL2-S Mirrorless Digital Camera

တန်ဖိုး – အမေရိကန်ဒေါ်လာ ၄,၈၅၉

အားသာချက်

24 x 36 mm အရွယ်ရှိ FX-Format CMOS Sensor နဲ့အတူ Leica Maestro III Image Processor ထောက်ပံ့ပေးထားပါတယ်။ ကိုယ်ထည်အတွင်းမှာ အဆင့်မြင့် ပြုပြင်ဒီဇိုင်းထွင် ထည့်ထားတဲ့ Shutter စနစ်ထည့်သွင်းထားပြီး Shutter မြန်ဆန်သလို အသံထွက်လည်း တော်တော်ညက်ညောပါတယ်။ 24.6MP Full-Frame BSI CMOS Sensor ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာတော့ DCI 4K Video: HLG & 10-Bit Recording ရရှိနိုင်မှာဖြစ်ပါတယ်။ ISO အနေနဲ့ Auto, 50 to 100000 အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Mechanical Shutter နဲ့ဆိုရင် Up to 9 fps at 24.6 MP for Unlimited Frames (Raw) / Unlimited Frames (JPEG) နဲ့ Electronic Shutter မှာဆိုရင် Up to 25 fps at 24.6 MP for Unlimited Frames (Raw) / Unlimited Frames (JPEG) အထိ ရရှိမှာပါ။

၃.၂ လက်မအရွယ်ရှိ 2.1m-dot Dot touch Screen ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် 5.76m-dot အရည်အသွေးရှိ 21mm အရွယ်အစား OLED Electronic Viewfinder ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းက လည်း Auto နဲ့ Manual Focus ရရှိမှာဖြစ်ပြီး Focus Mode ကတော့ Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပြီး Contrast Detection: 225 အထိ ရရှိပါတယ်။ WiFi နဲ့ Bluetooth စနစ်လည်းပါဝင်မှာ ဖြစ်ပါတယ်။ Lens Mount ကတော့ Leica L ဖြစ်ပါတယ်။ အခုစျေးက ကိုယ်ထည်သီးသန့်စျေးသာ ဖြစ်ပါတယ်။

အားနည်းချက်

Photo Ratio အနေနဲ့ 3:2 တစ်မျိုးပဲ ရရှိနိုင်တာပါ။ LCD အနေနဲ့လည်း လှည့်လို့မရပါဘူး။ ကြံဖန်ပြီး ထပ်ပြောရရင် အသင့်ရိုက် Mode တွေပါဝင်မှု မရှိသလောက်ပါဘဲ၊၊ GPS ထောက်ပံ့မှုလည်း မပါဝင်ပါဘူး။

သုံးသပ်ချက်

ဂျာမဏီနိုင်ငံလုပ် နာမည်ကျော် ကင်မရာ ဖြစ်ပါတယ်။ Leica ရဲ့ professional အတွေ့အကြုံ အသစ်တွေကို ပေးစွမ်းနိုင်ရှိမယ့် ကင်မရာပါ။ Nature, Sports, Action, သတင်း ဓာတ်ပုံတွေကို ရိုက်ကူးဖို့ အသင့်တော်ဆုံး ကင်မရာလည်း ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ 14-stop dynamic range နဲ့ ပြောင်းလဲလွယ်တဲ့ Mode တွေ ထောက်ပံ့ပေးထားပါတယ်။ ပိုထူးခြားတာက ISO ပမာဏပါပဲ။ ပြီးတော့ ဗီဒီယို ရိုက်ကူးမှုအတွက် ကတ်နဲ့ ဘက်ထရီလုံလောက်သလောက် ဆက်တိုက်ရိုက်ကူးနိုင်တာပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG,DNG File စတာတွေနဲ့ ရိုက်ကူးနိုင်ပါတယ်။ FPS အနေနဲ့ Mechanical Shutter နဲ့ဆိုရင် Up to 9 fps at 24.6 MP for Unlimited Frames (Raw) / Unlimited Frames (JPEG) နဲ့ Electronic Shutter မှာဆိုရင် Up to 25 fps at 24.6 MP for Unlimited Frames (Raw) / Unlimited Frames (JPEG) အထိ ရရှိမှာပါ။ ဗီဒီယိုမှ DCI 4K Video; HLG & 10-Bit Recording နဲ့ ရိုက်ကူးနိုင်မှာပါ။

Shutter Speed အနေနဲ့ Mechanical Shutter မှာ 1/8000 to 500 Second , Bulb Mode အထိ Electronic Shutter မှာ 1/16000 to 60 Second အထိ ရပါတယ်။ Built-in Flash အနေနဲ့ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Manual Compensation : -3 EV to +3 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Daylight, Flash, Fluorescent (Cool White), Fluorescent (Warm White), Halogen, Shade, Tungsten, White Balance Adjustment စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Multi-Zone, Spot တို့ပါဝင်ပါတယ်။

Card Slot အနေနဲ့ နှစ်ခုပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.1m-dot အရည်သွေးထွက်ရှိတဲ့ ၃.၂ လက်မအရွယ် Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 21mm အရွယ်ရှိ OLED Electronic View Finder ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာ USB Type-C (USB 3.1), HDMI A (Full Size), 3.5mm Headphone, 3.5mm Microphone, Wi-fi, Bluetooth စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ BP-SCL4 Rechargeable Lithium-Ion, 7.2 VDC, 1860 mAh ဘက်ထရီ အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ပုံပေါင်း ၅၁၀ ရိုက်ကူးနိုင်ပါတယ်။ ကိုယ်ထည်အရွယ်အစား 146 x 107 x 83 mm ဖြစ်ပြီး အလေးချိန် 913g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««