Leica M10 Monochrom Digital Rangefinder Digital Camera

တန်ဘိုး ကန်ဒေါ်လာ 8295$

အားသာချက်

ရှေးဟောင်း TLR Camera ဒီဇိုင်းမျိုးကို ပြန်လည်တမ်းတလိုသူများအတွက်ပါ။ 24 x 36 mm အရွယ်ရှိ FX-Format B & W CMOS Sensor ထောက်ပံ့ထားတဲ့အတွက်အဖြူ/ အမည်း သီးသန့်သာ ရိုက်ကူးနိုင်ပါမယ်။ Leica Maestro II Image Processor ထောက်ပံ့ပေးထားပါတယ်။ ကိုယ်ထည်အတွင်းမှာ အဆင့်မြင့်ပြုပြင်ပြီး ဒီဇိုင်းထွင်ထည့်ထားတဲ့ Shutter စနစ်ထည့်သွင်းထားပြီး Shutter မြန်ဆန်သလို အသံထွက်ပိုင်းမှာလည်း ညက်ညောမှုရှိပါတယ်။ 40 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံသီးသန့်သာ ရိုက်ကူးနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ ISO အနေ နဲ့ Auto မှာ 160 to 100000 အထိရရှိနိုင်ပါတယ်။ Frame Per Second fps အနေနဲ့ Up to 4.5 fps at 40.8 MP for up to 10 Frames အထိ ရရှိမှာပါ။

၃ လက်မအရွယ်အစား 1,036,800 Dot အရည်အသွေးရှိတဲ့ Fixed Touchs-creen LCD ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် View-finder ပိုင်းမှာလည်း 0.73x- Magnification Viewfinder ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းက Manual Focus သာ ရမှာဖြစ်ပါတယ်။ Wifi ပါ၀င်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Leica M ပဲဖြစ်ပါတယ်။

အားနည်းချက်

ဗီဒီယိုရိုက်ကူးလို့မရပါဘူး။ Viewfinder အနေနဲ့လည်း Electronic Viewfinder မဟုတ် ဘဲ ထပ်ဆောင်းတပ်ချင်ရင် Electronic Viewfinder သပ်သပ် ဝယ်နေရမှာပါ။ LCD အနေနဲ့ လိုသလို လှည့်မရနိုင်ပါဘူး။ အဓိကက စျေးမြင့်မားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ထူးခြားချက်က ဖြူ/မည်းပုံ ရိပ်တွေကိုသာ ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ ရှပ်တာအသံ ညက်ညောမြန်ဆန်ပြီး Focus ကိုလည်း ခေတ်ဦး 35mm ဖလင်ကင်မရာသဖွယ် Manual ဖြတ်ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ ခေတ်ဦး 35mm ဖလင်ခေတ်က twin-lens reflex camera (TLR) ခေတ်ကို ပြန်ရောက်သွားသလို ခံစားရမယ့် Professional Camera လည်း ဖြစ်သလို ဖြူ/မည်းတစ်မျိုးတည်းသာ ရတဲ့အတွက် တော်ရုံရူးသွပ်မှုနဲ့တော့ ဝယ်ကိုင်ဖြစ်မယ့် ကင်မရာ မဟုတ်ပါဘူး။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ Up to 4.5 fps at 40.8 MP for up to 10 Frames အထိရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိ ရပါတယ်။ Bult-in Flash လုံးဝပါရှိခြင်း မရှိပေမယ့် External Flash တပ်ဆင်ဖို့အတွက်တော့ Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual နှစ်မျိုးသာ ရွေးချယ်အသုံးပြုနိုင် ပါတယ်။ White Balance Modes မှာ Auto, Color Temperature, Manual စတာတွေ ထောက်ပံ့ ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average တစ်မျိုးတည်းသာ ပါဝင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD, SDHC, SDXC စတာတွေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အတွက်ကိုတော့ 1,036,800 Dot အရည်အသွေးရှိ တဲ့ Fixed Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 0.73x-Magnification View Finder ပါဝင်ပါတယ်။ BP-SCL5 Li-Ion 1300mAH ဘက်ထရီကို အသုံးပြုထားပါတယ်။ ကိုယ်ထည် အရွယ်အစား 139.0 x 80 x 38.5 mm ဖြစ်ပြီး အလေးချိန် 660g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H