Leica M-E (Typ 240) Digital Rangefinder

တန်ဖိုး-ကန်ဒေါ်လာ3995$

အားသာချက်

ရှေးဟောင်း TLR Camera ဒီဇိုင်းမျိုးကို ပြန်လည် တမ်းတလိုသူတွေအတွက်ပါ။ 24 x 36mm အရွယ်အစား FX-Format CMOS Sensor ပါ၀င်ပါတယ်။ Leica Maestro Image Processor ထောက်ပ့ံပေးထားပါတယ်။ 24Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် DNG ဖိုင်နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ အားသာချက်က ဗီဒီယိုပါ ရိုက်ကူးလာနိုင်တာဖြစ်ပြီး Video အနေနဲ့ Full HD (1920 x 1080) at 23.976p/25p အထိ ရရှိမှာဖြစ်ပါတယ်။ ISO အနေနဲ့ Auto, 200 to 6400 (Extended: 100 to 6400) အထိရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Up to 3 fps at 24 MP အထိရရှိမှာပါ။

၃ လက်မအရွယ် 920k-Dot touch Screen ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် Digital Viewfinder အဖြစ် 0.68x- Magnification Viewfinder လည်း ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းကလည်း Manual Focus သာ ရမှာဖြစ်ပါတယ်။ Lens Mount ကတော့ Leica M ပဲဖြစ်ပါတယ်။

အားနည်းချက်

LCD Viewfinder အနေနဲ့လည်း Electronic Viewfinder မဟုတ်ဘဲ ထပ်ဆောင်းတပ်ချင်ရင် Electronic Viewfinder သပ်သပ်ဝယ်နေရာတာပါ။ ပြီးတော့ Wifi နဲ့ Bluetooth ထည့်သွင်းထားခြင်း လည်းမရှိပါဘူး။

သုံးသပ်ချက်

shutter အသံညက်ညော မြန်ဆန်လှပြီး Focus ကိုလည်းခေတ်ဦး 35mm ဖလင်ကင်မရာ သဖွယ် Manual ဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ ခေတ်ဦး 35mm ဖလင်ခေတ်က twin-lens reflex camera (TLR) ခေတ်ကို ပြန်ရောက်သွားသလို ခံစားရမယ့် Professional Camera လည်း ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် DNG ဖိုင်နဲ့ပါရိုက်ကူးနိုင်ပါတယ်။ video အနေနဲ့ Full HD (1920 x 1080) at 23.976p/25p အ ရည်အသွေးအထိ ရိုက်ကူးနိုင်ပါ တယ်။ JPEG မှာUp to 3 fps at 24 MP အထိရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိ ရပါတယ်။ Bult-in Flash လုံးဝ ပါရှိခြင်းမရှိပါဘူး External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါ၀င်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, ManualCompensation : -3 EV to +3 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင် ပါတယ်။ White Balance Modes မှာ Auto, Cloudy, Daylight, Flash, Fluorescent (Cool White), Fluorescent (Warm White), Kelvin, Manual, Shade, Tungsten စတာတွေ ထောက်ပံ့ ပေးထားပါတယ်။

Metering ဖတ်ယူမှုအတွက် Center-Weighted Average, Multi-Zone, Spot တို့ ပါ၀င်ပါ တယ်။ Card Slot တစ်ခုပါ၀င်ပြီး SD, SDHC, SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 920k-Dot အရည်သွေးထွက် ၃ လက်မအရွယ်ရှိ Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 0.68x- Magnification View Finder ပါ၀င်ပါတယ်။ ဘက်ထရီအနေနဲ့ BP-SCL2 Li-Ion 1800mAH ဘက်ထရီ အသုံးပြုပါတယ်။ ကိုယ်ထည်အရွယ်အစား 139 x 42 x 80 mm ဖြစ်ပြီး အလေးချိန် 680g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H