Legion gaming laptop နဲ႔ desktop ေတြကို အဆင့္ျမွင့္လိုက္တဲ့ Lenovo

Lenovo ဟာ အဆင့္ျမွင့္ထားတဲ့ system ေျခာက္မ်ိဳးျဖစ္တဲ့ Legion Y730 / Y530 laptop ေတြ၊ T730 / T530 tower ေတြနဲ႔ C730 / C530 cube ေတြကို မိတ္ဆက္လိုက္ပါတယ္။ ဒီ system ေတြကို gaming အတြက္ တည္ေဆာက္ထားတာျဖစ္ေပမယ့္ ေန႔စဥ္သံုးအတြက္လည္း အသံုးျပဳႏိုင္ပါတယ္။

ပထမ system ႏွစ္မ်ိဳးျဖစ္တဲ့ Legion Y730 နဲ႔ Y530 laptop ေတြမွာ ေသးငယ္တဲ့ bezel screen ေတြနဲ႔အတူ dual-chamber cooling နဲ႔ Nvidia ရဲ႕ GeForce GTX 1050Ti GPU တို႔ ပါဝင္လာပါတယ္။ Processor က eighth-gen Intel Core i7 ျဖစ္ပါတယ္။ Y530 မွာေတာ့ optional 144Hz full HD IPS display ကို ေထာက္ပံ့ထားပါတယ္။ Y730 မွာေတာ့ Corsair iCUE RGB backlit keyboard ပါဝင္ပါတယ္။

Gaming cube ေတြမွာေတာ့ မီးခိုးေရာင္ ေအာက္ခံထည္နဲ႔အတူ RGB system lighting ပါဝင္ပါတယ္။ GTX 1060, 32GB DDR4 RAM, eighth-gen Intel Core i7 processor ေတြနဲ႔ ရရိွႏိုင္ပါတယ္။

ATX tower ႏွစ္ခုကေတာ့ T730 နဲ႔ T530 ျဖစ္ပါတယ္။ ဒီေမာ္ဒယ္ေတြမွာ Nvidia GeForce GTX 1060 အထိ ရႏိုင္မယ့္ optional GPU ေတြသာ ပါဝင္ပါတယ္။ Processor ကို eighth-gen Core i7 အထိ ရရိွႏိုင္သလို RAM ကိုလည္း 32GB အထိ ရရိွႏိုင္ပါတယ္။

Y370 laptop ေတြကို စက္တင္ဘာလမွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ၁၇ လက္မ ေမာ္ဒယ္က ၁,၂၄၉ ေဒၚလာ ကေန စတင္မွာျဖစ္ၿပီး ၁၅ လက္မ ေမာ္ဒယ္ကေတာ့ ၁,၁၈၀ ေဒၚလာနဲ႔ စတင္မွာျဖစ္ပါတယ္။

၁၅ လက္မ Y530 ရဲ႕ေစ်းႏႈန္းက ၉၂၉ ေဒၚလာကေန စတင္မွာျဖစ္ပါတယ္။ ဒီေမာ္ဒယ္ကို ဇြန္လမွာ အြန္လိုင္း ဒါမွမဟုတ္ Best Buy စတိုးေတြကေန ဝယ္ယူႏုိင္ပါတယ္။

T370, T530, C730 နဲ႔ C530 desktop ေတြကိုေတာ့ ၾသဂုတ္လမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ တန္ဖိုးက ၉၂၉ ေဒၚလာ၊ ၈၂၉ ေဒၚလာ၊ ၉၂၉ ေဒၚလာနဲ႔ ၈၂၉ ေဒၚလာ အသီးသီးက်သင့္မွာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

Lenovo ဟာ အဆင့်မြှင့်ထားတဲ့ system ခြောက်မျိုးဖြစ်တဲ့ Legion Y730 / Y530 laptop တွေ၊ T730 / T530 tower တွေနဲ့ C730 / C530 cube တွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီ system တွေကို gaming အတွက် တည်ဆောက်ထားတာဖြစ်ပေမယ့် နေ့စဉ်သုံးအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ပထမ system နှစ်မျိုးဖြစ်တဲ့ Legion Y730 နဲ့ Y530 laptop တွေမှာ သေးငယ်တဲ့ bezel screen တွေနဲ့အတူ dual-chamber cooling နဲ့ Nvidia ရဲ့ GeForce GTX 1050Ti GPU တို့ ပါဝင်လာပါတယ်။ Processor က eighth-gen Intel Core i7 ဖြစ်ပါတယ်။ Y530 မှာတော့ optional 144Hz full HD IPS display ကို ထောက်ပံ့ထားပါတယ်။ Y730 မှာတော့ Corsair iCUE RGB backlit keyboard ပါဝင်ပါတယ်။

Gaming cube တွေမှာတော့ မီးခိုးရောင် အောက်ခံထည်နဲ့အတူ RGB system lighting ပါဝင်ပါတယ်။ GTX 1060, 32GB DDR4 RAM, eighth-gen Intel Core i7 processor တွေနဲ့ ရရှိနိုင်ပါတယ်။

ATX tower နှစ်ခုကတော့ T730 နဲ့ T530 ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေမှာ Nvidia GeForce GTX 1060 အထိ ရနိုင်မယ့် optional GPU တွေသာ ပါဝင်ပါတယ်။ Processor ကို eighth-gen Core i7 အထိ ရရှိနိုင်သလို RAM ကိုလည်း 32GB အထိ ရရှိနိုင်ပါတယ်။

Y370 laptop တွေကို စက်တင်ဘာလမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ၁၇ လက်မ မော်ဒယ်က ၁,၂၄၉ ဒေါ်လာ ကနေ စတင်မှာဖြစ်ပြီး ၁၅ လက်မ မော်ဒယ်ကတော့ ၁,၁၈၀ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။

၁၅ လက်မ Y530 ရဲ့စျေးနှုန်းက ၉၂၉ ဒေါ်လာကနေ စတင်မှာဖြစ်ပါတယ်။ ဒီမော်ဒယ်ကို ဇွန်လမှာ အွန်လိုင်း ဒါမှမဟုတ် Best Buy စတိုးတွေကနေ ဝယ်ယူနိုင်ပါတယ်။

T370, T530, C730 နဲ့ C530 desktop တွေကိုတော့ သြဂုတ်လမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ တန်ဖိုးက ၉၂၉ ဒေါ်လာ၊ ၈၂၉ ဒေါ်လာ၊ ၉၂၉ ဒေါ်လာနဲ့ ၈၂၉ ဒေါ်လာ အသီးသီးကျသင့်မှာဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge