LeapFrog Platinum 7

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉ (Amazon Price)

အားသာချက်

ကလေးတွေ အသုံးပြုမှုအတွက် မိဘတွေက ထိန်းချုပ်နိုင်မယ့် parental control ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကလည်း ကလေးတွေ ကြိုက်နှစ်သက်စေမယ့်ပုံစံမျိုးဖြစ်ပြီး အလွယ်တကူနဲ့ သုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။

အားနည်းချက်

ဈေးနှုန်းကြီးမြင့်ပြီး display resolution ကလည်း သိပ်မကောင်းပါဘူး။ ဒါ့အပြင် ဘက်ထရီသုံးစွဲနိုင်မှု သက်တမ်းကလည်း အရမ်းအကြာကြီး သုံးစွဲနိုင်တာမျိုးတော့ ရှိမှာမဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

LeapFrog Platinum 7 tablet မှာ သုံးစွဲထားတဲ့ processor ရဲ့ မြန်နှုန်းကတော့ 1GHz ပဲရှိမှာဖြစ်ပါတယ်။ အချက် လက်တွေ သိမ်းဆည်းဖို့အတွက် storage ကတော့ 8GB ခန့်သာ ပါဝင်မှာဖြစ်ပြီး ကွန်ရက်ချိတ်ဆက် အသုံးပြုဖို့အတွက် Wi-Fi နဲ့သာ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။ Display ကတော့ ၇ လက်မအရွယ်အစားခန့်သာ ရှိမှာဖြစ်ပြီး screen resolution ကတော့ 1024 x 600 ဖြစ်ပါတယ်။ အသက် ၃ နှစ်ကနေ ၉ နှစ်အရွယ်တွေကြား ကလေးတွေ သုံးစွဲနိုင်အောင် ရည်ရွယ်ထားတဲ့ tablet တစ်ခုလည်း ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်ကင်မရာရော အနောက်ဘက် ကင်မရာပါ 2 megapixels သာရှိမှာဖြစ်ပါ တယ်။ဘက်ထရီကတော့ တောက်လျှောက် အသုံးပြုမယ်ဆိုရင် အချိန်ငါးနာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ