LeapForg LeapPad Academy Kid’s

တန်ဖိုး – ကန်ဒေါ်လာ ၉၈ (Amazon Price)

အားသာချက် 

ကလေးတွေကို ပညာရေးသင်ထောက်ကူအတွက် အသုံးတည့်မယ့် tablet အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပြီး ပညာရေးသင်ထောက်ကူ app ၂၀ ကျော်ခန့်ပါဝင်ပါတယ်။

အားနည်းချက်

ဘက်ထရီပိုင်းကတော့ သာမန် tablet တွေထက်ပိုထူးခြားတာမျိုးမရှိသလို storage ပိုင်းလည်း အများကြီး မပါပါဘူး။

အသေးစိတ်ဖော်ပြချက်

အသက် ၃ နှစ်အရွယ်ကနေ အသက်၈ နှစ် အရွယ်တွေအထိ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ tablet ဖြစ်ပါတယ်။ စာဖတ်ခြင်း စာရေးခြင်းတို့ကို သင်ယူနိုင်ရန်အတွက် အထောက်အပံ့ပေးနိုင် ပြီး ပညာရေးသင်ထောက်ကူပြု app ပေါင်း ၂၀ ကျော်ခန့်ကို ထည့်သွင်းပေးထားပါတယ်။ ကလေးငယ်တွေ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် လက်နဲ့ အံဝင်ခွင်ကျရှိအောင် စီစဉ်ပေးထားပါတယ်။ LeapForg ဟာ ကလေးတွေ အင်တာနက် သုံးစွဲမှုကို မိဘတွေက ထိန်းချုပ်နိုင်စေဖို့အတွက်လည်း စီစဉ်ပေးထားပြီး game, app တွေကို ဗီဒီယိုတွေကို စစ်ဆေးရန် LeapForg ရဲ့ learning library ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် LeapForg academy ကို လည်း သုံးလ စမ်းသပ် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။

-သီဟ