LeapForg LeapPad 3

တန်ဖိုး – ကန်ဒေါ်လာ ၁၈၉.၉၉ (Amazon Price)

အားသာချက်

ကလေးများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ tablet ဖြစ်တာကြောင့် အကြမ်းခံနိုင်သလို၊ ပညာရေးသင်ထောက်ကူ ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်မယ့် tablet တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တဲ့ tablet ဖြစ်ပြီး ဈေးအနည်းငယ် ပိုများပေမယ့် အသုံးတည့်မယ့် educational app တွေကိုတော့ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အပိုဂိမ်းတွေအတွက် ပိုက်ဆံထပ်မံ အသုံးပြုရမှာဖြစ်ပါတယ်။ အင်တာနက် သုံစွဲနိုင်မှုပမာဏကိုလည်း ကန့်သတ်ထားပါတယ်။

အသေးစိတ်ဖော်ပြချက်

ဒီ tablet ဟာ အသက် ၃ နှစ်ကနေ ၉ နှစ် အရွယ်ကလေးတွေ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Quad-core processor ကို အသုံပြုထားပြီး processor မြန်နှုန်းကတော့ 1GHz ရှိမှာဖြစ်ပါတယ်။ ပညာရေးအထောက်အကူပြု app တွေကို ထည့်သွင်းပေးထားပြီး WiFi ချိတ်ဆက်မှုနဲ့သာ အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေး ကဏ္ဍမှာတော့ YouTube ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ device ပေါ်မှာ Netflix သုံးစွဲခွင့်ကို ရရှိမှာမဟုတ်ပါဘူး။ Screen အရွယ်အစားက ၅ လက်မခန့်သာ ရှိမှာဖြစ်ပြီး screen resolution ကတော့ 480 x 272 pixels သာရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် 2 megapixels ရှိတဲ့ ကင်မရာကို အသုံးပြုပေးထားပါတယ်။ LeapPad 3 မှာ built-in Lithium ion battery တပ်ဆင်ပေးထားပြီး ဘက်ထရီ သုံးစွဲနိုင်မယ့် ကြာချိန်ကတော့ ၆ နာရီခန့်ဖြစ်ပါတယ်။ ကလေးတွေ အင်တာနက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့အတွက် parental tool ကိုလည်း ထည့်သွင်းပေးထားပါတယ်။

-သီဟ