၅.၈ လက္မနဲ႔ ၆.၅ လက္မ OLED iPhone ဓာတ္ပုံမ်ား ေပါက္ၾကားထြက္ေပၚလာ

[ Zawgyi ]

Apple ဟာ iPhone သစ္မိတ္ဆက္ပြဲကို စက္တင္ဘာလ ၁၂ ရက္မွာ ျပဳလုပ္သြားမယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Apple ရဲ႕ပြဲမွာ iPhone သစ္ သံုးမ်ိဳးကို မိတ္ဆက္လာႏိုင္ပါတယ္။ အဲ့ဒီ iPhone သစ္သံုးမ်ိဳးထဲက iPhone XS လို႔ေခၚတဲ့ ၅.၈ လက္မနဲ႔ ၆.၅ လက္မ OLED iPhone ဓာတ္ပုံေတြကုိ 9to5Mac က ေဖာ္ျပခဲ့ပါတယ္။

၅.၈ လက္မနဲ႔ ၆.၅ လက္မ iPhone ႏွစ္မ်ိဳးစလံုးကို iPhone XS လို႔ ေခၚဆိုမွာျဖစ္ေၾကာင္း 9to5Mac က ေဖာ္ျပခဲ့ပါတယ္။ iPhone XS ကုိ ေရႊေရာင္ option သစ္နဲ႔ ရရိွႏိုင္မယ္လို႔လည္း ဆိုပါတယ္။ Apple ရဲ႕ iPhone X ေရႊေရာင္ဗားရွင္းဟာ FCC ကေန ေပါက္ၾကားထြက္ေပၚလာခဲ့ေပမယ့္လည္း မေရာင္းခ်ခဲ့ပါဘူး။

iPhone XS ရဲ႕ OLED ေမာ္ဒယ္ကို အရြယ္ပုိမိုႀကီးမားတဲ့ ဗားရွင္းအပါအဝင္ အရြယ္ႏွစ္မ်ိဳးနဲ႔ ေတြ႕ျမင္ရမွာ ျဖစ္ၿပီး iPhone XS ေမာ္ဒယ္ တစ္ခုစီမွာ ပထမဆုံးအႀကိမ္အျဖစ္ ေရႊေရာင္ဗားရွင္း ပါဝင္လာမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Apple အေနနဲ႔ စက္တင္ဘာ ၁၂ ရက္ ပြဲမွာ Apple Watch Series 4 သစ္ကိုလည္း မိတ္ဆက္သြားဖြယ္ရွိပါတယ္။ Apple အေနနဲ႔ စက္တင္ဘာလ ၁၂ ရက္မွာ iPhone XS ကုိ မိတ္ဆက္ၿပီး စက္တင္ဘာလ မကုန္ခင္မွာ ထုတ္ကုန္ ႏွစ္မ်ိဳးစလုံးကို ေရာင္းခ်သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

Apple ဟာ iPhone သစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်မှာ ပြုလုပ်သွားမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Apple ရဲ့ပွဲမှာ iPhone သစ် သုံးမျိုးကို မိတ်ဆက်လာနိုင်ပါတယ်။ အဲ့ဒီ iPhone သစ်သုံးမျိုးထဲက iPhone XS လို့ခေါ်တဲ့ ၅.၈ လက်မနဲ့ ၆.၅ လက်မ OLED iPhone ဓာတ်ပုံတွေကို 9to5Mac က ဖော်ပြခဲ့ပါတယ်။

၅.၈ လက်မနဲ့ ၆.၅ လက်မ iPhone နှစ်မျိုးစလုံးကို iPhone XS လို့ ခေါ်ဆိုမှာဖြစ်ကြောင်း 9to5Mac က ဖော်ပြခဲ့ပါတယ်။ iPhone XS ကို ရွှေရောင် option သစ်နဲ့ ရရှိနိုင်မယ်လို့လည်း ဆိုပါတယ်။ Apple ရဲ့ iPhone X ရွှေရောင်ဗားရှင်းဟာ FCC ကနေ ပေါက်ကြားထွက်ပေါ်လာခဲ့ပေမယ့်လည်း မရောင်းချခဲ့ပါဘူး။

iPhone XS ရဲ့ OLED မော်ဒယ်ကို အရွယ်ပိုမိုကြီးမားတဲ့ ဗားရှင်းအပါအဝင် အရွယ်နှစ်မျိုးနဲ့ တွေ့မြင်ရမှာ ဖြစ်ပြီး iPhone XS မော်ဒယ် တစ်ခုစီမှာ ပထမဆုံးအကြိမ်အဖြစ် ရွှေရောင်ဗားရှင်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple အနေနဲ့ စက်တင်ဘာ ၁၂ ရက် ပွဲမှာ Apple Watch Series 4 သစ်ကိုလည်း မိတ်ဆက်သွားဖွယ်ရှိပါတယ်။ Apple အနေနဲ့ စက်တင်ဘာလ ၁၂ ရက်မှာ iPhone XS ကို မိတ်ဆက်ပြီး စက်တင်ဘာလ မကုန်ခင်မှာ ထုတ်ကုန် နှစ်မျိုးစလုံးကို ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: 9to5Mac