LCD ျပႆနာေၾကာင့္ ၆.၁ လက္မ iPhone မိတ္ဆက္မႈ တစ္လ ေနာက္က်ဖြယ္ရိွ

[Zawgyi]

Apple ရဲ႕ ေစ်းသက္သာတဲ့ ၆.၁ လက္မ iPhone ဟာ LCD ျပႆနာေၾကာင့္ ေအာက္တိုဘာလမွသာ မိတ္ဆက္ဖြယ္ရိွတယ္လို႔ သိရပါတယ္။

ဒါဟာ LG ကထုတ္လုပ္တဲ့ LCD screen မွာ LED backlight bleeding ျပႆနာ ျဖစ္ပြားတဲ့အတြက္ေၾကာင့္ ျဖစ္ၿပီး အဆိုပါျပႆနာ ေျဖရွင္းဖို႔အတြက္ မိတ္ဆက္မယ့္အခ်ိန္ကို တစ္လေနာက္ဆုတ္လိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
OLED display ေတြပါဝင္တဲ့ ဒုတိယမ်ိဳးဆက္ ၅.၈ လက္မ iPhone X နဲ႔ ၆.၅ လက္မ iPhone X Plus တို႔ကေတာ့ ေႏွာင့္ေႏွးဖြယ္မရိွဘဲ စက္တင္ဘာလမွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

၆.၁ လက္မ ေမာ္ဒယ္မွာ ကင္မရာတစ္လံုးတည္းသာ ပါဝင္ၿပီး အျခားေမာ္ဒယ္ေတြထက္ ေစ်းသက္သာႏိုင္ပါတယ္။ ဒီဖုန္းကို အျဖဴ၊ အနက္၊ အဝါ၊ အျပာ၊ လိေမၼာ္၊ ေရႊ စတဲ့အေရာင္ေတြနဲ႔ရရိွႏိုင္ေပမယ့္ အနီေရာင္ကိုေတာ့ ရရိွႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒီစမတ္ဖုန္းရဲ႕ တန္ဖိုးက ေဒၚလာ ၇၀၀ ဝန္းက်င္ရိွႏိုင္တယ္လို႔ ယူဆရပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Apple ရဲ့ စျေးသက်သာတဲ့ ၆.၁ လက်မ iPhone ဟာ LCD ပြဿနာကြောင့် အောက်တိုဘာလမှသာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါဟာ LG ကထုတ်လုပ်တဲ့ LCD screen မှာ LED backlight bleeding ပြဿနာ ဖြစ်ပွားတဲ့အတွက်ကြောင့် ဖြစ်ပြီး အဆိုပါပြဿနာ ဖြေရှင်းဖို့အတွက် မိတ်ဆက်မယ့်အချိန်ကို တစ်လနောက်ဆုတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
OLED display တွေပါဝင်တဲ့ ဒုတိယမျိုးဆက် ၅.၈ လက်မ iPhone X နဲ့ ၆.၅ လက်မ iPhone X Plus တို့ကတော့ နှောင့်နှေးဖွယ်မရှိဘဲ စက်တင်ဘာလမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

၆.၁ လက်မ မော်ဒယ်မှာ ကင်မရာတစ်လုံးတည်းသာ ပါဝင်ပြီး အခြားမော်ဒယ်တွေထက် စျေးသက်သာနိုင်ပါတယ်။ ဒီဖုန်းကို အဖြူ၊ အနက်၊ အဝါ၊ အပြာ၊ လိမ္မော်၊ ရွှေ စတဲ့အရောင်တွေနဲ့ရရှိနိုင်ပေမယ့် အနီရောင်ကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီစမတ်ဖုန်းရဲ့ တန်ဖိုးက ဒေါ်လာ ရ၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ယူဆရပါတယ်။

Ref: GizmoChina

-နောင်နောင်