LCCI November Series 2020 စာမေးပွဲများ ရွှေ့ဆိုင်း

မြန်မာနိုင်ငံမှာ စတင်ကျင်းပရန် စီစဉ်ထားတဲ့ LCCI November Series 2020 စာမေးပွဲများကို ရွှေ့ဆိုင်းလိုက်တယ်လို့ British Council Myanmar မှသိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ကပ်ရောဂါ အခြေအနေများကြောင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်မှာ မြန်မာနိုင်ငံမှာ စတင်ကျင်းပရန် စီစဉ်ထားတဲ့ LCCI November Series 2020 စာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

စာမေးပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုန်း – ၀၉ ၇၇၇၀၀၁၃၆၅ (မနက် ၈ နာရီမှ ညနေ ၆ နာရီ – တနင်္လာမှ ‌တနင်္ဂနွေ) နဲ့ [enquiries@mm.britishcouncil.org (mailto:enquiries@mm.britishcouncil.org) သို့လည်းကောင်း၊ ဗြိတိသျှကောင်စီ (မန္တလေး) ဖုန်း – ၀၉ ၇၇၇၀၀၁၈၂၃၊ ၀၉ ၇၇၇၀၀၁၈၂၄ (မနက် ၉ နာရီမှ ညနေ ၅ နာရီ – တနင်္လာမှ ‌သောကြာ) နဲ့
[mandalayexam@britishcouncil.org] (mailto:mandalayexam@britishcouncil.org) သို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««