Latitude 9000, 7000 နဲ့ 5000 laptop တွေကို Dell မိတ်ဆက်

Dell ဟာ CES 2021 ပွဲမတိုင်ခင် ထုတ်ကုန်များစွာကို မိတ်ဆက်ခဲ့ပါတယ်။ Dell ဟာ Latitude 9000, 7000 နဲ့ 5000 laptop တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

Latitude 9000 မှာ Intel ရဲ့နောက်ဆုံးပေါ် မျိုးဆက် ၁၁ ခုမြောက် ပရိုဆက်ဆာပါဝင်ပြီး privacy အလေးထားတဲ့ webcam တွေပါဝင်လာပါတယ်။ Latitude 9420 နဲ့ 9520 notebook တွေမှာတော့ SafeShutter ကင်မရာ ပါဝင်လာပါတယ်။ အဲဒီ ကင်မရာမှာ အလိုအလျောက် shutter ပါဝင်ပြီး အသုံးမပြုတဲ့အခါ ပိတ်ထားပါတယ်။ ဒါကြောင့် တစ်ယောက်ချင်း စကားပြောတဲ့အခါ ကွန်ဖရင့်ခေါ်ဆိုတဲ့အခါမှပဲ အွန်လိုင်း ဖြစ်သွားပါမယ်။

Dell အနေနဲ့ Latitude 9000 စီးရီးအကြောင်းကို မိတ်ဆက်ခဲ့ပေမယ့်လည်း Latitude စီးရီး laptop တွေအားလုံးကိုတော့ အပြည့်အဝ မိတ်ဆက်ထားခြင်း မရှိပါဘူး။ အဆင့်မြှင့်တင်ထားတဲ့ Latitude 9000 စီးရီးမှာ clamshell မော်ဒယ်နဲ့ 2-in-1 မော်ဒယ်လည်း ပါဝင်လာပါတယ်။ Latitude 9420 မှာတော့ ဒေါ်လာ ၁,၉၄၉ ကျသင့်ပြီး 9520 မော်ဒယ်ဈေးနှုန်းကိုတော့ နွေရာသီမှပဲ မိတ်ဆက်ပါမယ်။

မျက်နှာပြင်အကြီးမားဆုံး Latitude 7520 မှာတော့ ၁၅လက်မ 4K UHD display နဲ့ Full HD web ကင်မရာလည်း ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁,၆၄၉ ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ ထွက်လာပါမယ်။

Latitude 5420 နဲ့ Precision 3560 ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့ အဖုံးမှာ bioplastic ၂၁ ရာခိုင်နှုန်း ပါဝင်လာပါတယ်။ ဈေးနှုန်းကတာ့ ဒေါ်လာ ၁,၀၄၉ နဲ့ ဒေါ်လာ ၁,၁၈၉ ကျသင့်ပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««