Laptop အတွက် 90Hz OLED မျက်နှာပြင်တွေ Samsung Display ထုတ်လုပ်မယ်

Samsung Display ကတော့ laptop အတွက် ကမ္ဘာ့ပထမဆုံး 90Hz မျက်နှာပြင်ကို အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ IT ကုမ္ပဏီတွေကတော့ ဒီနှစ်အတွင်း panel အသစ်ပါတဲ့ laptop တွေထုတ်လုပ်လာနိုင်ပါတယ်။ မတ်လအတွင်း 90Hz OLED မျက်နှာပြင်တွေ စတင် ထုတ်လုပ်သွားမယ်လို့ စီအီးအို ချွိုင်းဂျွန်ဆွန်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ panel မျက်နှာပြင်က ၁၄ လက်မ ရှိပြီး Samsung Display ကတော့ aspect ratio ဒါမှမဟုတ် ရုပ်ထွက်အရည်အသွေးကို မပြောခဲ့ပါဘူး။ Samsung Display ကတော့ ဗားရှင်းများစွာ ထုတ်လုပ်မယ်လို့ သိရပါတယ်။ အခု OLED panel တွေက တုံ့ပြန်မှု မြန်ဆန်ပြီး အလွန်မြန်ဆန်တဲ့ content တွေဖော်ပြတဲ့အခါ 120Hz LCD နှုန်းအတိုင်း မှုန်ဝါးပေးပါတယ်။

Laptop တွေမှာ OLED display အသုံးပြုတာ မြင်ရခဲပါတယ်။ Gaming laptop တွေမှာပဲ OLED မော်ဒယ် ထုတ်ထားပေမယ့် refresh rate နှုန်းလည်း မမြင့်ပါဘူး။ မနှစ်က Samsung ဟာ OLED ပါဝင်တဲ့ Galaxy Chromebook ထုတ်ထားဖူးပါတယ်။

ဒါ့အပြင် ၂၀၂၁ အတွက် Galaxy Chromebook မှာတော့ QLED အမှတ်တံဆိပ် LCD display အသုံးပြုထားပါတယ်။

စိုးထက်

Ref: TheVerge