Laptop ဘက္ထရီသက္တမ္းကို ၂၈ နာရီအထိ တုိးျမႇင့္ေပးမယ့္ Intel ရဲ႕ display နည္းပညာသစ္

[ Zawgyi ]

ဇြန္လ ၅ ရက္ကေန ၉ ရက္အထိ က်င္းပျပဳလုပ္မယ့္ Computex 2018 ျပပြဲမွာ Intel က Low Power Display နည္းပညာကို အျမည္းသေဘာမ်ိဳး မိတ္ဆက္ခဲ့ပါတယ္။ အဲဒီနည္းပညာမွာ အထူးျပဳလုပ္ထားတဲ့ LCD display နဲ႔ အလြန္ေကာင္းမြန္တဲ့ စြမ္းအင္စီမံခန္႔ခြဲမႈကုိ ေပါင္းစပ္ထားပါတယ္။

Intel ဟာ Sharp နဲ႔ Innolux တို႔ ဒီဇိုင္းဆြဲထားတဲ့ မ်က္ႏွာျပင္ ၁၃ လက္မ အရြယ္ရွိ display နဲ႔ လက္ေတြ႕စမ္းသပ္ျပသခဲ့ပါတယ္။ အဲဒီ display ဟာ စြမ္းအင္ 1 Watt ပဲ သုံးစြဲပါတယ္။ အခုနည္းပညာဟာ သုံးစြဲမႈအေပၚမူတည္ၿပီး ဘက္ထရီစြမ္းအင္ကုိ ၄ နာရီကေန ၈ နာရီအထိ တုိးျမႇင့္ေပးႏိုင္ပါတယ္။ လက္ရွိ ultraportable ထုတ္ကုန္ေတြမွာ ဗီဒီယိုၾကည့္႐ႈမယ္ဆုိရင္ ဘက္ထရီသက္တမ္း နာရီ ၂၀ ဝန္းက်င္အထိ အမ်ားဆုံး သုံးစြဲႏိုင္ပါတယ္။ ဒါေၾကာင့္ laptop ေတြမွာ Intel ရဲ႕နည္းပညာ ပါဝင္လာမယ္ဆိုရင္ ဘက္ထရီသက္တမ္း ၂၈ နာရီအထိ သုံးစြဲႏိုင္လာႏိုင္ပါတယ္။

Intel အေနနဲ႔ Dell ရဲ႕ XPS 13 ထုတ္ကုန္မွာ dispaly နည္းပညာသစ္ကိုထည့္သြင္းၿပီး စြမ္းေဆာင္ရည္မထိခိုက္ေစဘဲ ဘက္ထရီသက္တမ္းကို နာရီ ၂၀ ကေန ၂၅ နာရီေက်ာ္အထိ တုိးျမႇင့္ေပးခဲ့ပါတယ္။ Laptop ရဲ႕ဘက္ထရီ တာရွည္ခံမႈကို Computex ပြဲမွာ လက္ေတြ႕စမ္းျပခဲ့ပါတယ္။

Intel အေနနဲ႔ အခုနည္းပညာနဲ႔ ပတ္သက္ၿပီး တိက်တဲ့သတင္းအခ်က္အလက္ကုိ ရွင္းရွင္းလင္းလင္းမေျပာခဲ့သလို အခု panel သစ္ကေန ဘယ္ေလာက္ အက်ိဳးေက်းဇူးရရွိၿပီး အဆင့္ျမႇင့္တင္ထားတဲ့ စြမ္းအင္စီမံခန္႔ခြဲမႈက ဘယ္ေလာက္ေကာင္းလဲဆိုတာကိုလည္း မသိရေသးပါဘူး။

စိုးထက္
Ref: TheNextWeb

[ Unicode ]

ဇွန်လ ၅ ရက်ကနေ ၉ ရက်အထိ ကျင်းပပြုလုပ်မယ့် Computex 2018 ပြပွဲမှာ Intel က Low Power Display နည်းပညာကို အမြည်းသဘောမျိုး မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာမှာ အထူးပြုလုပ်ထားတဲ့ LCD display နဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းအင်စီမံခန့်ခွဲမှုကို ပေါင်းစပ်ထားပါတယ်။

Intel ဟာ Sharp နဲ့ Innolux တို့ ဒီဇိုင်းဆွဲထားတဲ့ မျက်နှာပြင် ၁၃ လက်မ အရွယ်ရှိ display နဲ့ လက်တွေ့စမ်းသပ်ပြသခဲ့ပါတယ်။ အဲဒီ display ဟာ စွမ်းအင် 1 Watt ပဲ သုံးစွဲပါတယ်။ အခုနည်းပညာဟာ သုံးစွဲမှုအပေါ်မူတည်ပြီး ဘက်ထရီစွမ်းအင်ကို ၄ နာရီကနေ ၈ နာရီအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ လက်ရှိ ultraportable ထုတ်ကုန်တွေမှာ ဗီဒီယိုကြည့်ရှုမယ်ဆိုရင် ဘက်ထရီသက်တမ်း နာရီ ၂၀ ဝန်းကျင်အထိ အများဆုံး သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် laptop တွေမှာ Intel ရဲ့နည်းပညာ ပါဝင်လာမယ်ဆိုရင် ဘက်ထရီသက်တမ်း ၂၈ နာရီအထိ သုံးစွဲနိုင်လာနိုင်ပါတယ်။

Intel အနေနဲ့ Dell ရဲ့ XPS 13 ထုတ်ကုန်မှာ dispaly နည်းပညာသစ်ကိုထည့်သွင်းပြီး စွမ်းဆောင်ရည်မထိခိုက်စေဘဲ ဘက်ထရီသက်တမ်းကို နာရီ ၂၀ ကနေ ၂၅ နာရီကျော်အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ Laptop ရဲ့ဘက်ထရီ တာရှည်ခံမှုကို Computex ပွဲမှာ လက်တွေ့စမ်းပြခဲ့ပါတယ်။

Intel အနေနဲ့ အခုနည်းပညာနဲ့ ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက်ကို ရှင်းရှင်းလင်းလင်းမပြောခဲ့သလို အခု panel သစ်ကနေ ဘယ်လောက် အကျိုးကျေးဇူးရရှိပြီး အဆင့်မြှင့်တင်ထားတဲ့ စွမ်းအင်စီမံခန့်ခွဲမှုက ဘယ်လောက်ကောင်းလဲဆိုတာကိုလည်း မသိရသေးပါဘူး။

စိုးထက်
Ref: TheNextWeb