Laptop ပုံစံအသုံးပြုနိုင်မယ့် Samsung Galaxy Tab S7

အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ Samnsung Unpacked ပွဲမှာ Galaxy Tab S7 နဲ့ Galaxy Tab S7 Plus ကိုလည်း ပြသခဲ့ပါတယ်။

Galaxy Tab S7 နဲ့ S7 Plus တွေမှာ keyboard, touchpad နဲ့ laptop အသွင်ပြောင်းနိုင်တဲ့ kickstand တစ်ခုပါဝင်လာပါတယ်။ Samsung အနေနဲ့ iPad Pro နဲ့ Microsoft Surface လမ်းကြောင်းအတိုင်း Galaxy Tab S7 နဲ့ S7 Plus ကိုဖန်တီးထားပါတယ်။

Galaxy Tab S7 နဲ့ S7 Plus မှာတော့ Android ကိုအသုံးပြုထားပါတယ်။ Galaxy Tab S7 အတွက် laptop ပုံစံမျိုး ခံစားရစေဖို့ clip-on keyboard အပြင် trackpad အကြီးစား၊ touch အမူအရာအမျိုးမျိုး ထောက်ပံ့ထားပြီး ကွန်ပျူတာလိုမျိုး function key တွေလည်း ပါဝင်လာပါတယ်။

ဒါ့အပြင် Android ထုတ်ကုန်ကို ကွန်ပျူတာအဖြစ် ပြောင်းလဲနိုင်တဲ့ Samsung platform အဆင့်မြှင်တင်ထားတဲ့ DeX ပါဝင်လာပါတယ်။ DeX မှာအနီးအနားက စမတ်တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာတယ်။ သုံးစွဲသူက app များစွာ ဖွင့်ပြီး window အမျိုးမျိုးနဲ့လည်း အရွယ်ချုံ့ချဲ့နိုင်သလို taskbar မှာလည်း minimize လုပ်လို့ရပါတယ်။အမေရိကန်မှာ ပထမဆုံးဖြန့်ချိ ရောင်းချယ်မယ့် tablet တွေမှာ 5G ထောက်ပံ့ထားမယ်လို့ Samsung ကပြောခဲ့ပါတယ်။

Samsung Galaxy Tab S7 မော်ဒယ်တွေကို ဒီနှစ်နှောင်းပိုင်း ရောင်းချပါမယ်။ Galaxy Tab S7 ကတော့ ၆၄၉ ဒေါ်လာကျသင့်ပြီး Galaxy Tab S7 Plus ကတော့ ၈၄၉ ဒေါ်လာ ကျသင့်ပါမယ်။

-စိုးထက်
Ref: CNET