
၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချခဲ့တဲ့ laptop ၂၀၁ သန်းနဲ့ desktop PC ၁၅၇ သန်းပဲ ရှိပါတယ်။ Laptop တွေကတော့ ရောင်းအားကျဆင်းသွားပြီး (၂၀၁၆ ခုနှစ်အတွင်း ၁၅၆.၈ သန်း တင်ပို့ရောင်းချ) လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရောင်းအားပြန်တက်လာပါတယ်။
ဒါပေမဲ့ desktop ရောင်းအားကတော့ ဆယ်နှစ်ဆက်တိုက် ကျဆင်းနေပါတယ်။ Aksje Bloggen ကတော့ ၂၀၂၁ ခုနှစ်အတွင်း laptop ၂၂၅ သန်း ရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။ IDC forecast ကတော့ ၂၀၂၃ ခုနှစ်အတွင်း laptop အလုံးရေး ၂၁၆ သန်း အထိ တင်ပို့ရောင်းချမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း laptop ရောင်းအားကတော့ ၂၃၅.၁ သန်းအထိ ရှိပြီး desktop ကတော့ ၆၁.၉ သန်းပဲ ရှိပါတယ်။
Company | 2020 shipments | 2020 market share | 2019 shipments | Annual growth |
Lenovo | 72,629 | 24.50% | 64,894 | 11.90% |
HP | 67,573 | 22.80% | 63,102 | 7.10% |
Dell | 50,290 | 16.90% | 46,485 | 8.20% |
Apple | 22,592 | 7.60% | 19,380 | 16.60% |
Acer | 20,008 | 6.70% | 17,040 | 17.40% |
Others | 63,924 | 21.50% | 56,649 | 12.80% |
Total | 297,016 | 100.00% | 267,550 | 11.00% |
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း laptop ရောင်းအား အလွန်မြင့်မားလာပြီး ၂၆ ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ Lenovo ကတော့ ရောင်းအားအကောင်းဆုံးကုမ္ပဏီ ဖြစ်ပြီး ၇၂.၇ သန်းရောင်းချကာ ဈေးကွက် ၃ ပုံ ၁ ပုံ သိမ်းပိုက်ထားနိုင်ပါတယ်။ သူ့နောက်မှာတော့ HP (၆၇.၆ သန်း) နဲ့ Dell (၅၀.၃ သန်း) တို့ရပ်တည်နေပါတယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««