KW 17 Pro Smart Watch

ဒီဇိုင်းပိုင်းက Apple Watch ပုံစံဖြစ်ပြီး စျေးနှုန်းပိုင်း ချိုသာတဲ့ KW 17 Pro စမတ်နာရီဖြစ်ပါတယ် ။ Sport Type ဖြစ်ပြီး ရေစိမ်ခံအကြမ်းခံလည်း ဖြစ်ပါတယ်။ Bluetooth နဲ့ ချိတ်ဆက် အသုံးပြုရတာဖြစ်လို့ Android Device တွေရော IOS Device တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ၁.၃ လက်မ အရွယ်ရှိ TFT LCD (240 x 240 pixels ) display ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမှ Notification တွေကိုလည်း ဖော်ပြပေးပါတယ်။ ရေစိုခံစနစ် IPX67 လည်းဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 140 mAh battery ထောက်ပံ့ပေးထားတဲ့အတွက် Standby time အနေနဲ့ ၇ ရက်အထားခံပြီး အသုံးပြုမယ်ဆိုရင်တော့ ၃ ရက်နီးပါး အားခံမှာဖြစ်ပါတယ်။ အားကစား လုပ်ရာမှာ အသုံးဝင်တဲ့ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ကယ်လိုရီ လောင်ကျွမ်းမှု အစရှိတဲ့ အားကစား‌တွေနဲ့ပတ်သက်ပြီး အသုံးဝင်တဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ Health Rate, Blood Pressure, Blood Oxygen, Sleep Monitor အစရှိတဲ့ Sensor တွေလည်းပါဝင်ပါတယ်။အရွယ်အစား 42 x 35 x 9.6mm ဖြစ်ပြီး အလေးချိန်က 33g ပဲရှိလို့ ပေါ့ပါးပါတယ်။ တန်ဖိုးက သုံးသောင်း ကိုးထောင်ကိုးရာကျပ် ဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉၃ (နေပြည်တော်) ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ