Kurio Xtreme

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉

အားသာချက်

ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ tablet ဖြစ်လို့ ဈေးနှုန်းချိုသာတဲ့ tablet တစ်ခုဖြစ်သလို parental control တွေပါဝင်မှာဖြစ်ပြီး ကလေးတွေကို သင်ကြားရေးအထောက်အကူပြုနိုင်မယ့် tablet အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီ သက်တမ်းက အကြာကြီး သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကင်မရာ ပိုင်းကလည်း အားနည်းပါတယ်။

အသေးစိတ်ဖော်ပြချက်

Kurio Xtreme မှာ Media Tek MT8127 processor ကို အသုံးပြုထားပြီး processor speed ကတော့ 1.2GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ ထည့်သွင်း သိမ်းဆည်းနိုင်ဖို့အတွက် storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ Storage များများ သုံးစွဲချင်သူတွေအတွက်ဆိုရင် microSD ကိုထည့်သွင်း သုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီ tablet မှာ သုံးစွဲထားတဲ့ Operating System ကတော့ Android 5.0 ကို သုံးစွဲထားတာဖြစ်ပြီး screen အရွယ်အစားကတော့ ရလက်မ ခန့်ရှိမှာဖြစ်ပါတယ်။ ကလေးတွေအတွက် ဦးတည်ပြီး ထုတ်ထားတာဖြစ်တဲ့ အတွက် အကြမ်းခံနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကင်မရာပိုင်းကတော့ 2Megapixels သာရှိမှာဖြစ်ပါတယ်။

ဘက်ထရီ 

Kurio Xtreme ရဲ့ ဘက်ထရီဟာ တောက်လျှောက်မရပ်မနား သုံးမယ်ဆိုရင် ၄ နာရီနဲ့ ၁၆ မိနစ်ခန့်သာ အသုံးခံမှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««