Kurio Xtreme 2

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉

အားသာချက်

ကလေးတွေ သုံးစွဲရတာ လွယ်ကူစေဖို့အတွက် စီစဉ်ပေး ထားသလို မိဘတွေကလည်းက လေးတွေ သုံးစွဲမှုတွေကို ထိန်းချုပ် နိုင်မယ့် parental control feature တွေပါဝင်ပါတယ်။

အားနည်းချက်

ဘက်ထရီ အသုံးခံနိုင်မှု သက်တမ်းကတော့ သိပ်ပြီးမကောင်းသလို ကင်မရာအရည်အ သွေးကလည်း မကောင်းပါဘူး။

အသေးစိတ်ဖော်ပြချက်

Mediatek MTK8127 Quad-Core processor ကို အသုံးပြုထားပါတယ်။ အချက် အလက်တွေ သိမ်းဆည်းဖို့အ တွက် Storage အနေနဲ့ 16GB ပါဝင်မှာ ဖြစ်ပါတယ်။ Micro SD ထည့်သွင်း သုံးစွဲမယ် ဆိုရင် 32GB ပမာဏအထိသာ ထည့်သွင်းသုံး စွဲနိုင်မှာဖြစ်ပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပါတယ်။ Tablet ရဲ့ display အရွယ်အစားကတော့ ရ လက်မခန့်သာရှိမှာဖြစ်ပြီး screen resolution ကတော့ 1024 x 600 ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 5.0 (Lollipop) ဖြစ်ပါတယ်။ Micro USB 2.0 ကို အသုံးပြုနိုင်မှာဖြစ်ပြီး OTG ကို အထောက်အပံ့ပေးထားပါတယ်။ Kurio Xtreme 2 မှာ တပ် ဆင်ပေးထားတဲ့ ကင်မရာက တော့ rear camera က 2.1 megapixels ခန့်ရှိမှာ ဖြစ်ပြီး front camera ကတော့ 0.3 megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Lithium Polymer ကို အသုံးပြုထားပြီး သိပ်သည်းဆကတော့ 2820mAh ခန့်သာရှိမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««