Kurio Tab 2

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၇ (Amazon Price)

အားသာချက်

ကလေးတွေ အသုံးပြုနိုင်ဖို့ စီစဉ်ထားတဲ့အတွက် အကြမ်းခံနိုင်တာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ဘက်ထရီပိုင်းကလည်း ကောင်းမွန်ပါတယ်။ ကလေးတွေ အသုံးပြုရမှာ ဖြစ်တဲ့အတွက် app management လည်း ပါဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

ကလေးတွေ အသုံးပြုတဲ့ tablet တွေထဲမှာတော့ ဒီ tablet ဟာ စျေးနှုန်းအတန်ငယ်များသလို ကင်မရာပိုင်းကလည်း သိပ်မကောင်းပါဘူး။

အသေးစိတ်ဖော်ပြချက်

Mediatek MTK8127 chip ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ storage ကို ထည့်သွင်းပေးထား ပါတယ်။ ၇ လက်မအရွယ်အစား Display ပါ၀င်ပြီး screen resolution ကတော့ 1024 x 600 pixels ရှိမှာဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်ဖို့အတွက် Wi-Fi စနစ်ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Micro HDMI port လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီ tablet မှာ Android version 5.0Operating System ကို အသုံးပြုထားပါတယ်။ ကင်မရာ ပိုင်းမှာတော့ အရှေ့ကင်မရာက 0.3 megapixels သာရှိမှာဖြစ်ပြီး အနောက်ဘက်ကင်မရာကတော့ 2.1 megapixels ခန့်သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကေတာ့ Li-Polymer battery ကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆ ကတော့ 2820 mAh ရှိမှာ ဖြစ်ပါတယ်။

-သီဟ