Kurio Tab 2

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၇ (Amazon Price)

အားသာချက်

ကလေးတွေအသုံးပြုနိုင်ဖို့ စီစဉ်ထားတဲ့အတွက်အကြမ်းခံနိုင်တာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီပိုင်းကလည်း ကောင်းမွန်ပါတယ်။ ကလေးတွေ အသုံးပြုမှာ ဖြစ်တဲ့အတွက် app management လည်းပါဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

ကလေးတွေ အသုံးပြုတဲ့ tablet တွေထဲမှာတော့ ဒီ tablet ဟာ ဈေးနှုန်း အတန်ငယ်များသလို ကင်မရာပိုင်းကလည်း သိပ်မကောင်းပါဘူး။

အသေးစိတ်ဖော်ပြချက်

Mediatek MTK8127 chip ကိုအသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပ မာဏရှိတဲ့ storage ကိုထည့်သွင်း ပေးထားပါတယ်။စကရင်အရွယ် အစားကတော့ ၇ လက်မခန့်ရှိမှာ ဖြစ်ပြီး screen resolution ကတော့ 1024 x 600 pixels ဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်ဖို့အတွက် Wi-Fi ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ micro HDMI port လည်း ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 5.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာက 0.3 megapixels ရှိမှာဖြစ်ပြီးနောက် ကင်မရာကတော့ 2.1 megapixels ရှိမှာဖြစ်ပါတယ်။ Li-Polymer battery ကို အသုံးပြုထားပြီး ဘက်ထရီသိပ်သည်းဆကတော့ 2820 mAh ရှိမှာ ဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««