
Krita ဆိုတာကတော့ Victor shapes တွေကို ဖန်တီးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Krita 4.2.8 ကို Ubuntu OS မှာ ထည့်သွင်း သုံးစွဲချင်သူတွေအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Krita 4.2.8 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu
ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Kriat 4.2.8 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါcommand တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:kritalime/ppa
sudo apt update
sudo apt install krita
ဆိုတဲ့ command တွေကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့အသုံးမပြုလိုတော့ဘူးဆိုရင် uninstall လုပ်ဆောင်ဖို့အတွက် sudo apt remove –autoremovekri takrita-*ဆိုတဲ့ command ကို
အသုံးပြုပြီးပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
-သီဟ