KrisPay အမည္ရ blockchain wallet ကို စင္ကာပူေလေၾကာင္းလုိင္း စတင္မိတ္ဆက္

[ Zawgyi ]

စင္ကာပူေလေၾကာင္းလိုင္းဟာ ေလေၾကာင္းပ်ံသန္းမႈအစီအစဥ္ KrisFlyer အဖြဲ႕ဝင္ေတြပဲ အသုံးျပဳႏိုင္မယ့္္ KrisPay ဒီဂ်စ္တယ္ blockchain wallet တစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။ KrisFlyer ဆိုတာက သြားလာခဲ့တဲ့ ေလေၾကာင္းခရီးမိုင္ေတြကို ဒီဂ်စ္တယ္ေငြေၾကးစနစ္အျဖစ္ ေျပာင္းလဲေပးတဲ့ အစီအစဥ္ျဖစ္ပါတယ္။

KrisFlyer အဖြဲ႕ဝင္ေတြအေနနဲ႔ ဓာတ္ဆီဆိုင္ေတြ၊ အလွကုန္ပစၥည္း အေရာင္းဆုိင္အျပင္ အစားအေသာက္နဲ႔ ေဖ်ာ္ရည္ ယမကာဆုိင္ေတြ အပါအဝင္ ၿမိဳ႕ေတာ္အတြင္းက ေလေၾကာင္းလိုင္းရဲ႕ စီးပြားဖက္ ၁၈ ခုက ကုန္ပစၥည္းေတြကုိ ေငြေပးေခ်ဝယ္ယူဖို႔ အနည္းဆုံး KrisPay ၁၅ မိုင္ (အေမရိကန္ေဒၚလာ ၀.၀၇ နဲ႔ညီမွ်) အသုံးျပဳဖို႔လိုအပ္ပါတယ္။

စင္ကာပူေဈးကြက္အတြင္းက လက္လီဆိုင္ေတြနဲ႔ စတင္ပူးေပါင္းမႈ ျပဳလုပ္မယ္လို႔ ကုမၸဏီက ၿပီးခဲ့တဲေဖေဖာ္ဝါရီလအတြင္း ေျပာခဲ့ပါတယ္။

KrisPay ရဲ႕ blockchain ကို စင္ကာပူေလေၾကာင္းလိုင္းက တစ္ဦးတည္းပုိင္ဆိုင္ၿပီး blockchain မွာျပဳလုပ္တဲ့ အေရာင္းအဝယ္ေတြက ကြန္ရက္အတြင္းက စီးပြားဖက္ေတြနဲ႔ပဲ သက္ဆိုင္ပါတယ္။

အျခားေလေၾကာင္းလိုင္းေတြကလည္း လုပ္ငန္းေတြထဲမွာ cryptocurrency ဒါမွမဟုတ္ blockchain ကို ထည့္သြင္း စမ္းသပ္ေနၾကပါတယ္။

အေမရိကန္အေျခစုိက္ Surf Air အေနနဲ႔ ေလယာဥ္လက္မွတ္ေငြေပးေခ်မႈအတြက္ cryptocurrency ေတြ လက္ခံမယ့္အစီအစဥ္ကုိ ၿပီးခဲ့တဲ့ႏွစ္က ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ ဂ်ာမန္ေလေၾကာင္းလုိင္းအုပ္စု Lufthansa နဲ႔ Air New Zealand တို႔ကလည္း blockchain အေျခခံ ခရီးသြား app ေတြတည္ေဆာက္ဖို႔ ဆြစ္ဇာလန္ startup ကုမၸဏီ Winding Tree နဲ႔ စီမံကိန္းမ်ားစြာ ပူးေပါင္း လုပ္ကုိင္ေနပါတယ္။

စုိးထက္
Ref: TechInAsia

[ Unicode ]

စင်ကာပူလေကြောင်းလိုင်းဟာ လေကြောင်းပျံသန်းမှုအစီအစဉ် KrisFlyer အဖွဲ့ဝင်တွေပဲ အသုံးပြုနိုင်မယ့်် KrisPay ဒီဂျစ်တယ် blockchain wallet တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ KrisFlyer ဆိုတာက သွားလာခဲ့တဲ့ လေကြောင်းခရီးမိုင်တွေကို ဒီဂျစ်တယ်ငွေကြေးစနစ်အဖြစ် ပြောင်းလဲပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

KrisFlyer အဖွဲ့ဝင်တွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်အပြင် အစားအသောက်နဲ့ ဖျော်ရည် ယမကာဆိုင်တွေ အပါအဝင် မြို့တော်အတွင်းက လေကြောင်းလိုင်းရဲ့ စီးပွားဖက် ၁၈ ခုက ကုန်ပစ္စည်းတွေကို ငွေပေးချေဝယ်ယူဖို့ အနည်းဆုံး KrisPay ၁၅ မိုင် (အမေရိကန်ဒေါ်လာ ၀.၀၇ နဲ့ညီမျှ) အသုံးပြုဖို့လိုအပ်ပါတယ်။

စင်ကာပူဈေးကွက်အတွင်းက လက်လီဆိုင်တွေနဲ့ စတင်ပူးပေါင်းမှု ပြုလုပ်မယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲဖေဖော်ဝါရီလအတွင်း ပြောခဲ့ပါတယ်။

KrisPay ရဲ့ blockchain ကို စင်ကာပူလေကြောင်းလိုင်းက တစ်ဦးတည်းပိုင်ဆိုင်ပြီး blockchain မှာပြုလုပ်တဲ့ အရောင်းအဝယ်တွေက ကွန်ရက်အတွင်းက စီးပွားဖက်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။

အခြားလေကြောင်းလိုင်းတွေကလည်း လုပ်ငန်းတွေထဲမှာ cryptocurrency ဒါမှမဟုတ် blockchain ကို ထည့်သွင်း စမ်းသပ်နေကြပါတယ်။

အမေရိကန်အခြေစိုက် Surf Air အနေနဲ့ လေယာဉ်လက်မှတ်ငွေပေးချေမှုအတွက် cryptocurrency တွေ လက်ခံမယ့်အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဂျာမန်လေကြောင်းလိုင်းအုပ်စု Lufthansa နဲ့ Air New Zealand တို့ကလည်း blockchain အခြေခံ ခရီးသွား app တွေတည်ဆောက်ဖို့ ဆွစ်ဇာလန် startup ကုမ္ပဏီ Winding Tree နဲ့ စီမံကိန်းများစွာ ပူးပေါင်း လုပ်ကိုင်နေပါတယ်။

စိုးထက်
Ref: TechInAsia